Chapter 44

8.5K 649 16
                                    

" ၀တီ!"

ဦးမင်းနောင် ဇနီး ဖြစ်သူ ရှိရာ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့

"ဘာဖြစ်တာလဲ ?"

  အိပ်ရာပေါ်တွင် ခေါင်းမူးသည်ဟု ဆိုကာ လှဲလျောင်းနေသော ဇနီးဖြစ်သူက သူ့ကို အလန့်တကြား မေးလာသောအခါ

"မင်း ငါ့ ကွန်ပြူတာကို ကိုင်ခဲ့တယ် မဟုတ်လား ?"

   ဒီ မေးခွန်းလေးကို လိမ်ညာ‌ ငြင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့ပေမယ့်

"ကိုင်တယ် "

အမှန်အတိုင်း ၀န်ခံလာသည်မို့ အံ့ဩသွားရသည်။

"အဲ့ဒီ အထဲမှာ အရေးကြီးတဲ့ file တွေ ရှိလို့ မကိုင်ပါနဲ့ ပြောထားရက်နဲ့ ဘာလို့ကိုင်တာလဲ ?"

  သူ့ရဲ့ အေးစက်သော လေသံနဲ့ အမေးကို အမြဲလို ဇနီး ဖြစ်သူက ကြောက်ရွံသွားခြင်း မရှိဘဲ

"သားကို အကြတ်ကိုင်နေတဲ့ video ကို ဖျက်ဖို့ "

သူ့ အကြည့်များကို ရင်ဆိုင်ရင်း ရဲရင့်စွာ ပြောလာသော ဇနီးရဲ့ စကားကြောင့်

ကြိုးစား ထိန်းချုပ် ထားသော သူ၏ ဒေါသများ ပေါက်ကွဲသွားရတော့သည်။

"ဘာ! မင်း ဦးနှောက် မရှိဘူးလား?! အဲ့ဒါ သားနဲ့ သူ့ ကောင်လေးကို ခွဲနိုင်တဲ့ တခုတည်းသော လက်နက်ကွ မင်းသိလား ?! "

"သိတယ်! သိလို့ ဖျက်ပစ်လိုက်တာ "

'သိလို့ ဖျက်ပစ်လိုက်သည်' တဲ့ ဇနီး ဖြစ်သူကို သူ တကယ် နားမလည်နိုင်တော့

"ကျွန်မတို့ရဲ့ အတ္တ မာနတွေကို လျှော့လိုက်ကြရအောင် "

"မင်း ဘာတွေ ပြောနေတာလဲ "

"သားနဲ့ လရိပ်ရောင်ကို ကျွန်မတို့ လက်ခံပေး လိုက်ကြရအောင် "

  သူ့ လက်မောင်းကို ကိုင်ရင်း အတင်းအကျပ် ပြောလာသော ဇနီးကို

"ဘာ?! ငါ‌ သေတောင် လက်မခံနိုင်ဘူး "

တွန်းလွှတ်လိုက်တော့ အိပ်ရာပေါ် ဝုန်းခနဲ လဲကျသွားရာမှ အမြန် ပြန်ထလိုက်ရင်း

" သဘောတူပေးလိုက်ပါ ! သားက အဲ့ဒီ ကောင်လေးကို သူ့ အသက်ထက်တောင် ချစ်တာ ရှင်လည်း သိရက်နဲ့ ဒီအတိုင်းသာ ဆက်သွားနေရင် သား သေသွားလိမ့်မယ် "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now