Chapter 26

11.5K 824 14
                                    

Ring ring ring

ရှင်းသန့်ရဲ့ ဖုန်းမှ မြည်လာသော အသံကြောင့် ရှင်းသန့် လန့်နိုးသွားသည်။

ရှင်းသန့် အမြန် ဖုန်းကို ကိုင်လိုက်တော့ . . .

"လဒ မင်း အခု ဘယ်မှာလဲ "

စေမန် ဆီမှ ဖြစ်နေသည်။

"လဒ ဘယ် အချိန် မို့လို့ ဖုန်း ခေါ်ရတာလဲကွာ"

" မင်းမေ့ နေ့လည် ၁၂ နာရီ ရှိနေပြီ ။ ခုထိ အိပ်ရာထဲမှာလား ။ ထတော့ ငါတို့ project လုပ်ရမယ်။ ကျောက်မြောင်းက ငါ့ တိုက်ခန်းကို နာရီ ၀က်အတွင်း ရောက်အောင် လာခဲ့ "

စေမန် က ပြောချင်ရာ ပြောပြီး ဖုန်းချသွားတော့မှ သူ ဒီနေ့ project လုပ်ရန် ချိန်းထားသည်ကို သတိရသွားသည်။

သူ့ ရင်ခွင်ထဲ အိပ်ပျော်နေသော sleeping beautyလေးကို သူ မနိုးရက် . . .

ထို အချိန်တွင် sleeping beautyလေးရဲ့ မျက်လုံးလေး များ ပွင့်လာပြီး အလှလေး အိပ်ရာမှ နိုးထလာတော့ သည်။

"Good afternoon ချစ်လေး "

လရိပ်ရဲ့ ဆံပင်ပျော့ပျော့လေးကို သူ တချက် နမ်းရှိုက်ရင်း နှုတ်ဆက်လိုက်တော့

"ကိုကို ဘယ်သူ့ဆီက ဖုန်းလဲ "

"စေမန် ဆီက ။ projectလုပ်ဖို့ ချိန်းထားလို့ ကိုကို သွားရမယ် "

"သွားလေ "

လရိပ်က ထထိုင်လိုက်တော့ အာ့ခနဲ တချက် တိုးတိုးလေး ညည်းလိုက်ရင်း မျက်နှာလေးက ငိုမဲ့မဲ့ ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ ချစ်လေး "

"ကိုကို့ ကြောင့်ပေါ့ " တဲ့ မျက်စောင်းထိုးရင်း ရန်တွေ့တော့ သူ ပထမ နားမလည်။ သူ သဘောပေါက်သွားတော့ ပြုံးမိသွားသည်။

"Sorryပါ ချစ်လေးရယ် ။ အရမ်း နာနေလား "

လရိပ် ရဲ့ မက်မွန်သီး လုံးလုံးလေးကို လှမ်းကိုင်လိုက်တော့ သူ့ လက်ကို တွန်းလွှတ်ပြီး အရှက်သည်းနေသော လရိပ်ကို သူ အသည်းယားစွာ စလိုက်မိသည်။

"ရှက်မနေပါနဲ့ကွာ မင်းတကိုယ်လုံး ကိုကို မကိုင်ဖူးတဲ့ နေရာ မရှိတော့ပါဘူး "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now