Chapter 48

8.8K 646 40
                                    


    တောက် တောက် တောက် တောက် . . . . .  

     ရေစက်လေးများ ခေါင်မိုးအပေါ် ကျသံ နဲ့ အတူ

    မှန်ပြတင်း တံခါးကို ရိုက်ခတ်လာသော လေသံများလည်း ကြားနေရသည်မို့

       မျက်လုံးများကို ဖွင့်မရနိုင်ပေမယ့် အပြင်မှာ မိုးရွာနေသည်ကို လရိပ် နားလည်လိုက်သည်။

       ဆူညံနေသော မိုးသံများ နဲ့ အတူ ကြားနေရသည်က အမည်မဖော်နိုင်သော အသံတခု . . . . .

       မာကျောသော အရာ၀တ္ထု တခုကို သစ်သားပေါ်တွင် ဖြည်းဖြည်းချင်း ထိခေါက်နေသလိုမျိုး အသံကို အဖြေ ရှာနိုင်ရန်

      မျက်လုံးများကို အားယူရင်း ဖွင့်ကြည့်မိသော အခါ . . . .

" မင်း သတိ ရလာပြီလား ?"

       ထို အေးစက်သော အသံပိုင်ရှင်က ကြမ်းပြင်ပေါ်တွင် လှဲနေသော လရိပ်ကို

      အနီးရှိ ခမ်းနားလှသော မဟောဂနီရောင် သစ်သား အလုပ်စားပွဲတွင် ထိုင်နေရင်း မေးလာသည်။

" ခင်ဗျား ကျွန်တော့်ကို ဘယ်ကို ခေါ်လာတာလဲ ?"

     လရိပ် မြင်နေရသည်က အကောင်းစား ပရိဘောဂများစွာ ရှိနေသော ရုံးခန်းတခု . . .

    ခမ်းနားသော ရုံးခန်းကြီးက ပိတ်ထားသည်မှာ ကြာပြီ ဖြစ်သည့် အလား ဖုန်များနဲ့ အပြည့် !

"ငါ့ပိုင်တဲ့ စက်ရုံ ရုံးခန်းထဲမှာ . . . "

      ထို စကားနဲ့ အတူ လရိပ်ဆီ လျှောက်လာသော ဦးမင်းနောင်၏ လက်ထဲတွင် ယူဆောင်လာသော အရာကို မြင်လိုက်ရ သောအခါ

       သတိမေ့ နေစဉ်က ကြားလိုက်ရသော သစ်သားနဲ့ ထိခေါက် ခံရသည့် အရာ၀တ္ထုက  ဘာဆိုသည်ကို သိလိုက်ရသည်။

" အရင်ကတော့ ခမ်းနားတဲ့ ရုံးခန်းကြီးပေါ့ မင်းရဲ့ ကိုကို , ငါ့ရဲ့သား ငါ့ကို ဒုက္ခပေးလို့ ပိတ်ထားရတာ ကြာပြီပေါ့ "

     တဖြည်းဖြည်း နီးကပ်စွာ အနားသို့ ကပ်လာသော လူဆီမှ ထွက်ပြေးရန် ကြိုးစားချင်ပေမယ့်

    လက်များကို  ကြိုးဖြင့် တင်းကျပ်စွာ ချုပ်နှောင်ထားသည်မို့ ထွက်ပြေးဖို့ မဖြစ်နိုင်ခဲ့ ။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now