သူငယ်ချင်းများကို ဒီနေရာမှာ တွေ့ရမည်လို့ လုံး၀ မထင် ထားသောကြောင့်

" မင်းတို့ ဘယ်လိုလုပ် ဒီကို ?"

"ငါတို့ မနက်က page မှာ တွေ့လိုက်လို့ လာခဲ့ကြတာ "

    အရင်းနှီးဆုံး သူငယ်ချင်း များကို တွေ့လိုက်ရသည်က သူ့ အတွက် အားတက်စေရသည်။

" ငါတို့ Junior လေးတွေကို လရိပ် သူငယ်ချင်းတွေနဲ့ ဒီမှာ ရှင်းပြထား‌ေပးမယ် နင် လရိပ်ကို သွားရှာခဲ့ !"

    ဖူးပွင့် စကားအတိုင်း လရိပ် သူငယ်ချင်းများ နှင့် ထားခဲ့ပြီး လရိပ်ကို ရှာရန် အမြန်လေး ထွက်ခဲ့လိုက်သည်။

  ✨✨✨✨✨✨✨✨✨✨✨✨✨✨

      လရိပ် ဖုန်းကို ဘယ်လို ခေါ်ခေါ် စက်ပိတ်ထားသည် ဟူသော တုံ့ပြန်မှုသာ ရရှိပေမယ့် ပြသနာမရှိ ။

     ရှင်းသန့်, လရိပ် မည်သည့် နေရာတွင် ရှိနေမည်ကို အတိအကျ သိနေသည်။

   ကျောင်း အနောက်ဘက်ရှိ လူအသွားအလာ နည်းသော စာကြည့်တိုက် . . . . 

    လရိပ်ရောင် တယောက်တည်း သိသော လျို့ဝှက် သုခဘုံလေး . . . .

    ရှင်းသန့် ကိုတောင် ထိုနေရာလေးကို လရိပ် မပြောပြခဲ့ ။

     ဒါပေမယ့်လည်း လရိပ်နဲ့ ချစ်သူ မဖြစ်ခင် လရိပ် အနောက်က လိုက်ကြည့်ရင်း လရိပ်ရဲ့ သုခဘုံလေးကို သူ အမှတ်မထင် သိခဲ့ရသည်။

      အမြဲ ထို စာကြည့်တိုက်လေးတွင် စာအုပ်များ ဖတ်ရင်း ပျော်နေတတ်သော ကောင်လေး တယောက်

     အခု မည်မျှ ကြောက်နေမည်ကို တွေးမိသောအခါ သူ့ ခြေလှမ်းများကို အမြန်လေး ပြေးသွားစေလိုက်သည်။

     စေ့ထားသော စာကြည့်တိုက် တံခါးကို ဖြည်းဖြည်းလေး တွန်းဖွင့်လိုက်သောအခါ

       တိတ်ဆိတ်နေသော စာကြည့်တိုက်လေးက ရုပ်တရက် ကြည့်လျင် မည်သူမျှ မရှိဟု ထင်ရပေမယ့်

     ရှင်းသန့် သိနေသည်။ ဒီ စာကြည့်တိုက်ရဲ့ ထောင့်လေးမှာ လရိပ် ရှိနေသည်ကို ။

      သူ ခြေလှမ်းများကို  ချစ်ရသူ ရှိနေရာ ဆီသို့ အမြန်လေး လျှောက်သွားလိုက်တော့

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now