"ကျေးဇူးပါပဲ ချစ်သူငယ်ချင်း တို့ရယ်  "

      ရင်ထဲ ပြောပြ မတတ်အောင် ကျေးဇူးတင်ရသည်။

   ဒီ သူငယ်ချင်း ‌လေးယောက်ကို တွေ့ဆုံခဲ့ခြင်းမှာ လရိပ် ဘ၀၏ ဘုရားပေးသော အကောင်းဆုံး ဆုလာဘ်များ အတွင်းမှ တခု ဖြစ်သည်။

"ရပါတယ်ကွာ ! ဒါနဲ့ သူက ဘာလုပ်ပြန်ပြီလဲ "
     အာကာရဲ့ အမေးကို သက်ပြင်း တခုချရင်း အကြောင်းစုံ ပြောပြလိုက်တော့

"အဘိုးကြီးက တော်တော် ယုတ်မာတယ်နော် "

"အေးလေ ယုတ်မာချက် 9လောက် ရှိတယ်"

   မေမီ တို့ သုံးယောက်၏ မကျေမနပ် အပြောများ အကြား

   တယောက်တည်း ငြိမ်သက်စွာ တခုခု စဉ်းစားနေသော ယုယက

" လရိပ် ဒီ အတိုင်း မနေသင့်ဘူး တခုခု လုပ်ဖို့ ပြင်ဆင်သင့်တယ် "

     ရုပ်တရက် ပြောလာသော စကားကို နားမလည်သည်မို့

"ယုယ, ဘာကို ဆိုလိုတာလဲ "

"လရိပ် တို့ နှစ်ယောက်က ဟန်ဆောင် လမ်းခွဲထားတာ အဘိုးကြီး သိတဲ့ တနေ့ အဲ့ဒီ video ကို တင်မှာပဲလေ "

  ယုယ စကားက မှန်နေသည်။ ဦးမင်းနောင် သိသွားသည့် တနေ့ လရိပ်ရော ရှင်းသန့်ရော လွယ်မည် မဟုတ် . . . .

"အဲ့တော့ ဦးမင်းနောင်ကို အလှဲထိုး နိုင်မယ့် သူ့ရဲ့ အားနည်းချက်လို ဟာမျိုးတွေ ပြင်ဆင်သင့်တယ်လို့ ယုယ ထင်တယ် "

     ယုယ စကားများက မှန်နေပြန်သည်။ဦးမင်းနောင် ခြိမ်းခြောက်တိုင်း ခေါင်းငုံ့ခံနေလို့တော့ မဖြစ် . . .

     လရိပ်တို့ ဘက်မှ တိုက်စစ် တခု ပြင်ဆင်ထားမှ ဖြစ်မည် ။

   ဒါပေမယ့် အဘက်ဘက်မှာ ပီရိ သေချာသော ဦးမင်းနောင်ကို အလှဲထိုး နိုင်မည့် အားနည်းချက်ကို ဘယ်‌နေရာက ရပါ့မလိမ့်နော်  . . . . .

✨✨✨✨✨✨✨✨✨✨✨✨✨✨✨

    လရိပ် , အိမ်ထဲ ၀င်လိုက်သည်နှင့် ဧည့်ခန်းထဲတွင် ဖေဖေ နဲ့ စစ်တုရင် ကစားနေသော ဦးသီဟကို တွေ့လိုက်ရသည်မို့

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now