"Ok ပါ "

      လရိပ်က ဖုန်း အရင်ချသွားတော့ သူ ရင်မောစွာဖြင့် သက်ပြင်းမောကြီး ချလိုက်မိသည်။

     ဟန်ဆောင် လမ်းခွဲခြင်းက သူ့ကို ဤမျှလောက် နာကျင်စေရရင်

    တနေ့ ကံအကြောင်း မလှလို့ တကယ် လမ်းခွဲရသည့် နေ့မျိုး ရောက်လာခဲ့ရင် . . . .

    ရှင်းသန့် တကယ် မတွေးရဲတော့ . . . .

✨✨✨✨✨✨✨✨✨✨✨✨✨✨

   ဒေါ်၀တီ ရှင်းသန့်ရဲ့ အခန်းကို ရှင်းရန် ၀င်လိုက်သည်နှင့်

    မြင်လိုက်ရသည့် အပျက်အဆီးများ
ကြောင့် ငိုချင်လာမိသည်။

    လရိပ်ရောင်နဲ့ ခွဲပြီး သား အိမ်ကို ပြန်လာရင် အရင်က ဒေါ်၀တီ ချစ်ရသော  ရှင်းသန့် ဖြစ်လာလိမ့်မည်ဟု သူ ထင်ထားခဲ့ပေမယ့် အခုတော့ . . . . .

     အကုန်လုံး မှားနေသလို ရှင်းသန့်က အခု ဒေါ်၀တီကိုလည်း မုန်းနေပြီ ဖြစ်သည်။

    မနက်တိုင်း သူ ပြင်ပေးသော မနက်စာကို နှစ်ခြိုက်စွာ စားတတ်သော သား  . . . .

     သူ့ကို အပြုံး ချိုချိုလေးများနဲ့ စကားတွေ အများကြီး ပြောတတ်သော သားက . . .

     သူ့ အပေါ်  မနက်က အေးစက်စွာ ဆက်ဆံသွားသည်ကို တွေးမိတိုင်း ရင်ထဲမှာ နာကျင်နေရပြီး

     သားက သူ သိခဲ့သော အမေကို ချစ်သော ရှင်းသန့်မင်းနောင် လုံး၀ မဟုတ်တော့ . . . .

       သူ သိခဲ့သော ရှင်းသန့်မင်းနောင်ကို အပြီးအပိုင် ဆုံးရှုံး လိုက်ရပြီ ဆိုသော အသိက ဒေါ်ဝတီ့ ရင်ထဲ စကားနဲ့ မဖော်ပြနိုင်လောက်အောင် နာကျင်ရသည်။

     ချစ်ရသော လူတယောက်ကို ဆုံးရှုံးတာ ဒီလို ခံစားချက်မျိုးများလား . . . . .

     ထို အတွေးနဲ့ အတူ ဒေါ၀တီရဲ့ အတွေးထဲ လျပ်စီးအလား ဖြတ်ခနဲ ၀င်လာသော အတွေးတခုက . . . .

    သားရော သူ ချစ်ရတဲ့ သူကို ဆုံးရှုံးလိုက်ရတဲ့ အခါမှာ ဒီလို ခံစားခဲ့ရတာလား . . . .

✨✨✨✨✨✨✨✨✨✨✨✨✨✨✨

    ရုံး ဆင်းမည့် အချိန် အမြန် ရောက်လာစေရန်

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now