" ငါလည်း ရှာနိုင်သလောက် ပေးတာပဲလေ  "

"မင်း ဒီလို ကတိပျက်ရင် မင်းကို ငါ တရားရုံးမှာ စကားပြောရလိမ့်မယ်"

  အနုပညာ အသိုင်းအဝိုင်းတွင် designer လမင်းမောင် ဟူသော နာမည်တလုံးနဲ့ နေသော လမင်းမောင် တယောက် ထို ခြိမ်းခြောက်စကားကို ကြောက်သွားမည် ထင်မိသော်လည်း

   လမင်းမောင်က မမူ . . . ‌ထိုင်ခုံမှ ထရပ်လိုက်ရင်း

" သဘောပဲ "

"လမင်းမောင် မင်း သေချင်နေတာလား "
  အပေါ်ထပ်သို့ တက်ရန်ပြင်နေသော လမင်းမောင်ရဲ့ ခြေလှန်းများ ရပ်တန့်သွားပြီး

" ဟုတ်တယ် ငါ သေချင်နေတယ် "

  လမင်းမောင်ရဲ့ တည်ငြိမ်စွာ ပြောလိုက်သော ထို စကားက သီဟ ကို ထိန့်လန့်သွားစေသည်။

  အပေါ်ထပ်မှ အခန်း တံခါးပိတ်လိုက်သံ နှင့်အတူ  လမင်းမောင် တယောက် ပုံမှန် မဟုတ်တော့ စိတ်ဓာတ်ကျရောဂါ ခံစားနေရကြောင်း သီဟ နားလည်သဘောပေါက်လိုက်သည်။

"ဆရာ အိတ်ထဲမှာ စာတစောင် ပါလာတယ် "

  လမင်းမောင်ပေးခဲ့သော အိတ်ထဲက စာကို ဖတ်ကြည့်မိတော့

' မင်းကို ငါ နှုတ်ဆက်ပါတယ် သီဟရာ ။ ငါ့ သားလေးရဲ့ ပျော်ရွှင်မှုတွေကို ထပ်မဖျက်စည်းပါနဲ့တော့ ။ ငါ့ ဘ၀ အတွက် အကောင်းဆုံး သူငယ်ချင်းတယောက် ဖြစ်ပေးခဲ့တဲ့ အတွင် မင်းကို ငါ အမြဲ ကျေးဇူးတင်နေမှာပါ '

     ✨✨✨✨✨✨✨✨✨✨✨✨

"လမင်းမောင် !"

ပိတ်ထားသော လမင်းမောင် အခန်း တံခါးကို ဖွင့်ဖို့ ကြိုးစားတော့ ဘယ်လိုမှ မပွင့် ။

  အခုမှ သတိထား ကြည့်မိတော့ အရင်ကလို အိမ်တွင် ခန့်ထားသော အိမ်အကူများ မရှိတော့

  မီးများလည်း ပိတ်ထားပြီး လိုက်ကာများလည်း ကာထားသည်မို့ တချိန်က ခန့်နားလှသော ဒီအိမ်ကြီးကတိတ်ဆိတ်မှောင်မိုက်နေတော့သည်။

"သူငယ်ချင်း မင်း တံခါး လာဖွင့်စမ်း "

  အတွင်းမှ  လမင်းမောင်ကို ပြောလိုက်ရင်း အတူပါလာသော တပည့်ဖြစ်သူကို စေခိုင်းလိုက်သည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ