" အရှုံးသမား တစ်ယောက် ဖြစ်နေတာတောင် မျက်လုံးက မာနတွေ မပျောက်သေးဘူး ဟားဟား"

လှောင်ရယ်လိုက်သော ထိုလူကို ရှင်းသန့် အဖေလို့ မခေါ်ချင်တော့  . . .

"မင်း တခြား လူတွေ အပေါ်ကိုသာ မာနကြီးလို့ ရမယ် ငါ့ကိုတော့ မရဘူး "

   ထို လူ၏ စကားများကို မကြားချင်ယောင် ဆောင်နေလိုက်တော့

"မင်း ငါ့ကို အာခံတဲ့ နေ့ မင်း ဘ၀ ခွေးဖြစ်တဲ့နေ့ လို့ ငါ ပြောဖူးတာ မှတ်မိလား "

  အသည်းထဲ ဆွဲနေအောင် မှတ်မိပါသည်။ အကြိမ်ကြိမ် အခါ ထို စကားနှင့် သူ့ဘ၀ ကို ချုပ်ကိုင်ထားခဲ့ဖူးသည်။

သူ ဘယ်လိုမှ မေ့နိုင်မည် မဟုတ် . . . .

"မင်း သိရက်သားနဲ့ ဟို ကောင်လေး အတွက်ကြောင့် ခွေးဖြစ်ခံမယ်ပေါ့လေ "

" လရိပ် အတွက်ဆိုရင် ကျွန်တော် ဘာကြီးပဲ ဖြစ်ရ ဖြစ်ရ ကျွန်တော် မကြောက်ဘူး "

  ရှင်းသန့် စကား အဆုံး တဟားဟား နှင့် လှောင်ပြောင်ရယ်မော လိုက်သူကို ရှင်းသန့် မုန်းတီးစွာ ကြည့်နေလိုက်သည်။

"ဟားဟား ဟုတ်ပါပြီ အချစ်သူရဲကောင်းကြီးရေ မင်း နဲ့ ငါ နဲ့ game တခုလောက် ကစားရအောင်"

အဖေ ဖြစ်သူရဲ့ စကားများကို သူ တကယ် နားမလည် . . . .

အဖေ ဖြစ်သူကတော့ သူ့ကို လှောင်ပြုံး ဖြင့် ကြည့်နေသည်။

"အဖေ ဘာကို ပြောချင်တာလဲ "

"မင်း ချစ်သူ ကောင်လေးဆီကို သွားနိုင်တယ် . . . .  ဒါပေမယ့် . . . "

  စီးပွားရေး သမားတစ်ယောက် ပီသစွာ အပေးအယူ မရှိလျင် အလုပ်မလုပ်တတ်သော အဖေ့ အကြောင်း ရှင်းသန့် သိနှင့် နေပြီး ဖြစ်သည်။

"ဒါပေမယ့် ဘာဖြစ်လဲ အဖေ "

"မင်း ကို ငါပေးထားသမျှ ငါ အကုန် သိမ်းမယ်။ မင်းဖုန်း ၊ မင်းကား ကအစ ပေါ့ကွာ။ ပြီး ငါသေရင် မင်း ငါ့ အမွေတွေ မရဘူး။  ရှင်းရှင်းပြောကြေးဆို မင်း ဒီ အိမ်ပေါ်က လက်ဗလာနဲ့ ဆင်းရမယ် "

သူ အေးဆေးစွာ အဖေ ဖြစ်သူကို ကြည့်နေလိုက်သည်။

   အရင်စိတ်နှင့် သာဆို  အဖေ ပိုင်ဆိုင်သော အရာများကို မက်မောသဖြင့် အဖေ့ရှေ့တွင် ‌ခွင့်လွှတ်ဖို့ တောင်းပန် နေမိမှာသေချာသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now