လရိပ် ရှင်းသန့် ရင်ဘတ်ကို တဒုန်းဒုန်းထုရင်း ဒေါသစိတ်ရော ၀မ်းနည်းစိတ်များ စုလာပြီး ငိုချလိုက်မိသည်။

"လရိပ် ထင်သလို မဟုတ်ဘူး။ လရိပ် ကိုယ် ရှင်းပြမယ် "

" နားမထောင်ဘူး " ဟု တဖွဖွ ငြင်းနေသော လရိပ်ကို ရှင်းသန့်က သူ့ မျက်လုံးများကို တည့်တည့် ကြည့်စေသည်။

"မခြူးက ကိုယ်နဲ့ မိဘချင်း ‌သဘောတူထားတဲ့ လူ ဟုတ်တယ်။ ဒါပေမယ့် ကိုယ်တို့ နှစ်ယောက်မှာ ဘာ ဇယားမှ မရှိဘူး။ မောင်နှမလိုက လွဲပြီး ပို မချစ်ဘူး "

  ရှင်းသန့် စကားများကို လရိပ် မယုံ။ မောင်နှမလို သဘောထားသော လူနှစ်ယောက်က 'မောင်' တွေ 'မ‌‌' တွေ ခေါ်ပါ့မလား

"မောင်နှမ ဘာ မောင်နှမလဲ? မောင် တွေ မတွေ နဲ့ လရိပ်ကိုတောင် မရှိသလို ဖြစ်နေကြတာ"

ရှင်းသန့်က လရိပ်ရဲ့ မျက်ရည်များကို သုတ်ပေးဖို့ ပြင်လိုက်တော့ လရိပ် ရှင်းသန့် လက်ကို တွန်းလွှတ်လိုက်သည်။

"အဲ့ဒါ မိဘ တွေရှေ့မှာ အဲ့လို ခေါ်ရလို့ နှုတ်ကျိုးနေတာပါ ချစ်ရယ်။ ကိုယ်တို့ တကယ် ဘာ သဘောမှ မရှိတာပါ "

  လရိပ်ကို ရှင်းသန့်က လှမ်းဆွဲလိုက်တော့ လရိပ် ဆွေ့ခနဲ ရှင်းသန့် ရင်ခွင်ထဲ ရောက်သွားရသည်။

"လရိပ် ကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ မခြူးက မြန်မာပြည်ကို ပြန်ရောက်တာ မကြာသေးဘူးလေ ကိုကို က ကလောကို အရမ်း ကျွမ်းနေတဲ့ သူမို့ သေချာ ရှင်းပြပေး‌နေတာပါ "

   ရှင်းသန့်က လရိပ် ပခုံးလေးကို တင်းတင်းကျပ်ကျပ် ဖက်ရင်း သေချာရှင်းပြနေသည်။

"ကိုယ့်မှာ လရိပ်ပဲ ရှိတာပါ ။ ကိုယ့် ကို ယုံပါနော် "

   ရှင်းသန့်စကားကို လရိပ် ပြန် မဖြေမိ . . .  အတွေးများ နှင့် ရင်ထဲ ပြည့်ကျပ်နေသည်။

  လရိပ် ရှင်းသန့် ရင်ခွင်ထဲကနေ ရုံးထွက်တော့ ရုပ်တရက်မို့ ရှင်းသန့် လွှတ်ပေးလိုက်သည်။

"ရှင်းသန့်တို့က ရိုးတယ် ဆိုပေမယ့် သူက ရှင်းသန့် အဖေ ရွေးချယ်ထားတဲ့ လူလေ။ တနေ့ ရှင်းသန့် အဖေက သူ့ကို လက်ထပ်ဖို့ ပြောလာရင် ရှင်းသန့် ဘယ်လို လုပ်မှာလဲ "

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now