"ကိုကို! "

ရှင်းသန့်ကို ထုရိုက်ဖို့ လုပ်ပေမယ့် နာကျင်နေသော အောက်ပိုင်းကြောင့် မရိုက်နိုင်

လရိပ် ဒီလို အခြေအနေမျိုးမှာ သူ လရိပ်ကို တစိယောက်တည်း အိမ်မှာ မထားခဲ့နိုင် ။

"လရိပ် ကို ဒီလို နာကျင်အောင် လုပ်မိတဲ့ အတွက် ကိုကို လရိပ် အနားမှာနေပေးမယ်။ ကိုကို ဒီနေ့ ဘယ်မှ မသွားတော့ဘူး"

"ကိုကို project တွေ မပြီးသေးဘူးဆို။ သွားပါ။ လရိပ် အဆင်ပြေပါတယ် "

လရိပ်က လက်မခံ သူ့ကို အတင်း သွားခိုင်းနေသည်။

သူ ဘယ်လိုနည်း နဲ့ မှ လရိပ် ကို တစ်ယောက်တည်း မထားခဲ့နိုင်။ သူ့ project များကိုလည်း အချိန်မီ ပြီးအောင် လုပ်ရအုံးမည် . . . .

"လရိပ် ကိုကို နဲ့ လိုက်ခဲ့ပါလား "

"ဘယ်ကိုလဲ "

"စေမန့် တိုက်ခန်းကို! ဟိုမှာက ကိုကို တို့ သူငယ်ချင်း လေးယောက်ပဲ ရှိမှာ မုန့်တွေလည်း ရှိတယ်။ ကိုကို့ လရိပ် အနားမှာ ရှိပေးချင်လို့ပါ။ ‌လိုက်ခဲ့နော် "

လရိပ် မလိုက်ချင်လိုက်ချင်နှင့် လိုက်မည်ဟု ကတိပေးလိုက်သည်။

လရိပ် ကိုယ့်ဘာသာ ကိုယ် ရေချိုးမည်ဟု ပြောသည်ကို ရှင်းသန့် လက်မခံ ။လရိပ် ကိုယ်လေးကို ဆွေ့ ခနဲ ချီလိုက်ရင်း bath tub ထဲတွင် ဖွဖွလေး ချပေးလိုက်သည်။ ပြီး ရှင်းသန့်ပါ ၀င်ထိုင်လိုက်သည် ။

"ရှက်မနေပါနဲ့ ချစ်လေးရာ ကိုကို အကုန် မြင်ပြီးပါပြီ "

ရှင်းသန့်ရဲ့ ရွတ်နောက်နောက် အပြောကို လရိပ်က ဆပ်ပြာရေနှင့် လှမ်းပက်သည်။

အချိန်မရှိတော့သည်မို့ မြန်မြန်လေး လရိပ်ကို အ၀တ်လဲပေးတော့ . . .

"လည်ပင်းပြည့် အကျီ ၀တ်မယ် "

လရိပ် က သူ့ ပေး‌သော shirt အကျီ အစိမ်းလေးကို မယူ ။

"ဟာ ရာသီဥတုက ဒီလောက်ပူနေတာ အပူရှပ်သွားမှာပေါ့ "

"ဒါမဲ့ "

လရိပ် အဘယ်ကြောင့် လည်ပြည့် အကျီ ၀တ်ချင်နေသည်ကို လရိပ်ရဲ့ လည်ပင်းပေါ်ကို သူ အကြည့်ရောက်တော့ သူ နားလည်သွားသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now