မေမီ တံခါးဖွင့်ပေးတော့ မြင်လိုက်ရသည့် မြင်ကွင်းက ကြည့်မကောင်း . . .

   လရိပ် တစ်ယောက် sofa ပေါ်တွင် ခွေခွေလေး လှဲနေသည်။ မျက်လုံးများ မှိတ်ထားသော်လည်း အိပ်နေပုံမရ ပါးစပ်က ပွစိပွစိ ရွတ်နေသည်။

"ကိုယ် သူ့ကို ခေါ်သွားတော့မယ်။ ကျေးဇူးနော် "

လရိပ် ကိုယ်လေးကို သူ့ ရင်ခွင်ထဲ သတို့သမီးလေး တစ်ယောက်လို ပွေ့ချီကာကား  နောက်ခန်းတွင် ဖြေးဖြေးလေး ချပေးလိုက်ပြီး အိမ်ကို မြန်မြန်လေး မောင်းလာလိုက်သည်။

  လရိပ်ကို အိပ်ရာပေါ် ဖြေးဖြေးလေး ချပေးလိုက်တော့. . .

"ကိုကို "

ပျင်းရိပျင်းတွဲ မျက်လုံးလေးများ ပွင့်လာပြီး သူ့ကို မြင်တော့ လည်ပင်းကို အတင်း သိုင်းဖက်လိုက်ကာ ဆွဲချလိုက်တော့ ရုပ်တရက်မို့ ရှင်းသန့် တကိုယ်လုံး လရိပ် အပေါ်ကို လဲကာ ကျသွားသည်။

   လရိပ်ကို မဖိမိအောင် လက်များ ထောက်လိုက်တော့ ရီဝေဝေ မျက်လုံးလေးများက သူ့ကို ကြည့်နေပြီး . . 

"ကိုကိုက သိပ်ချောတာပဲ "

   ရှင်းသန့် ပါး နှစ်ဖက်ကို ဆွဲညစ်ပစ်လိုက်ပြီး တခစ်ခစ်နှင့် ရယ်နေတော့သည်။

"လရိပ် လွှတ်ကွာ "

"ကိုကို ဘာလို့ ဒီလောက် ချောရတာလဲ "

"လွှတ်ပါ အမူးသမားလေးရယ် "

"လရိပ်ရဲ့ ကိုကို မို့ ချောတာ သိလား "

  အရေးထဲ ဂုဏ်ဆာနေသေးသော လရိပ်ရောင်‌ ကြောင့် ရယ်ရမလို ငိုရမလို ။

   အမူးသမားလေး ရဲ့ လက်ထဲက ရှင်းသန့်ပါးနှစ်ဖက်ကို ကယ်ထုတ်လိုက်တော့ နောက်တမျိုး ပြသနာရှာလာပြန်သည်။

"ပူတယ်"

  ပူတယ်ဆိုပြီး လရိပ်တစ်ယောက် လည်ပြည့် အကျီကို  ချွတ်ဖို့ လုပ်‌တော့ ချွတ်မရ . .။

"ကိုကို ချွတ်ပေးကွာ ပူတယ် "

ငိုမဲ့မဲ့ မျက်နှာလေး နှင့် ပြောလာတော့ မတတ်နိုင် ချွတ်ပေးလိုက်ရသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now