ကားပေါ်က ဆင်းလာသော ရှင်းသန့် ချစ်ရသူက မတွေ့ရတဲ့ အတောအတွင်း ပို ချစ်ဖို့ကောင်းနေသည်မို့ ဆွဲပွေ့ဖက် လိုက်ချင် စိတ်များကို မနည်း ထိန်းချုပ်ရင်း ပုန်းနေမိသည်။

ရှင်းသန့် ပုန်းနေတဲ့ နေရာနား လရိပ် ရောက်လာတော့ . . .

"ဝါးး !!!!"

ရုပ်တရက် အကျယ်ကြီး အော်ပြီး ဘွားခနဲ ပေါ်လာသော ရှင်းသန့်ကြောင့် လရိပ် လန့်သွားပြီး နောက်ကို ယိုင်လဲသွားသည်မို့ . . .

  ရှင်းသန့် လရိပ် ကို ဆွဲပွေ့လိုက်တော့ . . .

"ရှင်းသန့်!"

အကြောက်ပျယ်သွားသော မျက်လုံး ပြူးပြူးလေးက ရှင်းသန့်ကို မြင်တော့အံ့ဩသွားသည်။

"အရမ်း လန့်သွားလား ချစ်လေး"

ရှင်းသန့် ရင်ခွင်ထဲက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်လေးကို ငုံကြည့်ရင်း ပြောလိုက်တော့

"ဘယ်လို ဖြစ်လို့ ဒီကို "

"ကိုယ် ပြန်လာတာလေ father ကြီးက ကိုယ့်ကို ရန်ကုန် ပြန်တော့တဲ့ "

"တကယ်?!"

လရိပ်ကို ခေါင်းလေး တချက် ငြိမ့်ပြရင်း လရိပ် မတ်တပ်ရပ်နိုင်အောင် ထူပေးလိုက်တော့. . .

"ပျော်လိုက်တာ "

  လရိပ်ရဲ့ မျက်လုံးလေးများက စိန်ပွင့်လေးများပမာ အရောင်လေးတွေ လက်နေသည်။

"ဒါ ချစ်လေးအတွက် "

ရှင်းသန့် နှင်းဆီပြာ ပန်းစည်းလေးကို ပေးလိုက်တော့

"နှင်းဆီပြာ ! ဒါ လရိပ် အကြိုက်ဆုံး ပန်းပဲ ကို ဘယ်လိုသိတာလဲ "

  လရိပ်က နှင်းဆီပြာများကို တချက် နမ်းရှိုက်ရင်းပြောတော့ . . . ရှင်းသန့် ရင်ထဲ လိပ်ပြာ တသောင်း ပျံသန်းသွားသလို ခံစားလိုက်ရသည်။

   ရှင်းသန့် ချစ်ရသူက ပန်းလေးများ ငိုရအောင် လှနေသည်မို့ . . . သေချာသည် ။

  ပန်းလေးများ လရိပ်ကို မနာလို ဖြစ်နေကြမည်မှာ . . .

"ကို သိတာပေါ့ ။ လရိပ်က နှင်းဆီပြာ မှ မဟုတ်ဘူး။ အပြာရောင် ပါတဲ့ အရာအားလုံးကို ကြိုက်တယ်ဆိုတာလေ ။ ကိုယ့်ကိုတောင် အပြာရောင် shirt လေး လက်ဆောင်ပို့ပေးခဲ့သေးတယ် မဟုတ်လား"

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now