Ring ring !

  ရုပ်တရက် မြည်လာသော ဖုန်းသံကြောင့် အတွေးများကို ခေတ္တ ရပ်ထားလိုက်ပြီး ဖုန်းကို ဖြေလိုက်သည်။
 
"ဟုတ် အမေ"

"သား သဘက်ခါ မေမေတို့ရဲ့ ရန်ကုန်က hotel အသစ်ဖွင့်ပွဲနော် အဲ့ဒါ သား ရန်ကုန်ကို ပြန်လာခဲ့မယ် မဟုတ်လား "

 ချက်ချင်းပြန်မဖြေမိ။ အမှန်အတိုင်း ပြောရရင် သူ မသွားချင် ။

သူ ငြိမ်နေတော့ မေမေက ဆက်ပြောလာသည်။

" သားလာမှ ဖြစ်မှာနော်။ သားဖေဖေက သားကို သူ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ မီဒီယာတွေနဲ့ မိတ်ဆက်ပေးမှာ ။ တနည်း‌ပြောရရင် သားက အဲ့ဒီပွဲရဲ့ main လေ ။ လာခဲ့နော် သား "

" ကျွန်တော် လာခဲ့ပါမယ် "

  မေမေ့ကို ကတိ ပေးပြီး ဖုန်းချလိုက်သည်။

  ✨✨✨✨✨✨✨✨✨✨✨✨✨✨

   လရိပ်, ရှင်းသန့်ရဲ့ အိမ်ကို တခေါက် ထပ်ရောက်ခဲ့ရပြီဖြစ်သည်။

    ရှင်းသန့် အတွက် လရိပ် ချုပ်ထားသော Tuxedo ကို မနက်ဖြန်ပွဲ အမှီ လာပေးခြင်းဖြစ်သည်။ 

   ရှင်းသန့် ကလောမှာ အလုပ်သွားလုပ်တယ်ဆိုတာ မဖူးပွင့် ပြောပြတော့ လရိပ်စိတ်မကောင်း . . .

   ကလောမှာ အဆင်မှ ပြေပါ့မလား စိတ်ပူရသည်ကလည်း နေ့တိုင်း မောရသည် မရှိ ။

   နံရံပေါ်ရှိ ရှင်းသန့် ဓာတ်ပုံများကို ကြည့်ရင်း ရှင်းသန့်ကို လွမ်းတဲ့ စိတ်များ ရင်ထဲ ပြည့်ကျပ်လာသည် မို့

    မငိုမိအောင် မျက်တောင်များကို ခပ်ကြမ်းကြမ်း ခတ်လိုက်ရင်း အာရုံပြောင်းအောင် ကြိုးစားနေချိန်

"အော် လရိပ်လေး "

  ဧည့်ခန်းတွင်  လရိပ် တယောက်တည်း ထိုင်စောင့်နေမိတော့ ရှင်းသန့်ရဲ့ အမေ ဒေါ် ၀တီ ခဏ အကြာတွင် ဆင်းလာသည်။

" ဒါ ရှင်းသန့် အတွက် ၀တ်စုံ ပါ အန်တီ"

"သားကတော့ ညနေမှ ကလော ကနေ ရောက်မှာဆိုတော့ ညကျမှ စမ်းကြည့်ခိုင်းရမယ် အဆင်ပြေပါ့မလား မသိဘူး "

' သူ ပြန်လာမှာလား  '

ရှင်းသန့် ပြန်လာတော့မည် ကြားရတော့ လရိပ် ရင်ထဲ အတိုင်းမသိ ပျော်ရွှင်သွားမိသည်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now