လရိပ်က သူ့ကို ငြင်းလာမည်ကို သူသိရက်နဲ့ မိုက်ခဲ့မိသည်။

   ရုပ်တရက် အသိတရားများက အလုပ်မလုပ် ငူငူကြီး ရပ်နေမိသည်။

"လရိပ် တကယ် တောင်းပန်ပါတယ်"

   စက်ရုပ်တရုပ်လို အသက်မရှိ ဖြစ်နေသော ရှင်းသန့်ကို လရိပ် တကယ် အားနာမိသည်။ သနားလည်း သနားသည်။

အမှန်တော့ လရိပ် ရှင်းသန့်ကို ချစ်သည် . . .

    ရှင်းသန့်က ဖွင့်ပြောလာတော့ အရမ်း ပျော်မိသည်။  ရှင်းသန့်ရဲ့ အချစ်ကို လက်ခံချင်ပါသည်။

    ဒါမေယ့် လရိပ်ဘ၀ အခြေအနေကို လရိပ်သာ အသိဆုံးဖြစ်သည်မို့ . . .

"ဘာလို့ ကိုယ့်ကို မချစ်နိုင်တာလဲ "

ဒီ မေးခွန်းလေးရဲ့ အဖြေကို လရိပ် ရှင်းသန့်ကို ပြောမထွက် ။

" ကိုယ်က မင်းကို ဒုက္ခပေးခဲ့လို့လား ကိုယ် ၀န်ခံပါတယ် ။ ကိုယ်က မင်း အတွက် အကောင်းဆုံး လူတယောက် မဟုတ်ခဲ့ဘူးဆိုတာကို ဒါပေမယ့် ကိုယ် . . . "

" အဲ့ဒါတွေကြောင့် မဟုတ်ပါဘူး ။ လရိပ် မိသားစု နဲ့ ဆိုင်တဲ့  အကြောင်းတွေ ရှိလို့ လရိပ် ရှင်းသန့် အချစ်ကို လက်မခံနိုင်တာပါ "

" ကိုယ့်အတွက် တကယ် မျှော်လင့်ချက် မရှိတော့ဘူးလား "

လရိပ် ခေါင်းငြိမ့်ပြရုံမှ အပ ဘာမှ မတတ်နိုင်။

"မင်း ကိုယ့်ကို လက်မခံနိုင်ပေမယ့်လည်း ကိုယ် မင်းကို ဆက်ချစ်နေခွင့်လေးတော့ ပေးပါကွာ"

ရှင်းသန့်ရဲ့ တောင်းဆိုမှုကို လရိပ် ခေါင်းခါလိုက်သည်။ သူ ရက်စက်မှ ရမည် ။

"လရိပ် ကို မေ့ပစ်လိုက်ပါ။ ဆက် မချစ်ပါနဲ့ "

ရှင်းသန့် ရဲ့ မျက်ရည်များနှင့် ပြည့်နေသော မျက်၀န်းများကို မြင်ရင် လရိပ်ရဲ့ ရင်ထဲက အမှန်တရား‌တွေ ထွက်ကျလာလိမ့်မည် ကို ကြောက်သောကြောင့် မျက်နှာကို တချက်လွှဲလိုက်ရင်း ပြောလိုက်သည်။

"သွားကြရအောင်လေ ဖူးပွင့် တို့ စိတ်ပူနေလောက်ပြီ "

ဒုတိယ အကြိမ် အငြင်းခံရလိုက်တော့ မျှော်လင့်ချက်ဆိုတာ လုံး၀ မရှိတော့။ ကမ္ဘာပြိုကျသွား သလို ခံစား‌နေရသည်ကို လရိပ်က သိမည် မထင် ။ 

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now