"အော် တော်တော် ရင်းနှီးခဲ့တာပဲနော် "

"အင်းပေါ့ ကျွန်တော့်မှာ သူပဲရှိသလို သူ့မှာလဲ ကျွန်တော်ပဲရှိတာလေ "

  Alvin တယောက် လရိပ် ပုခုံးကို သိုင်းဖက်လိုက်ရင်း

" လရိပ်က ဒီလောကကြီးမှာ ကျွန်‌တော့်ကို အချစ်ဆုံးလေ "

ရှင်းသန့်ကို တည့်တည့်ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

   Alvin ရဲ့ စိန်ခေါ်နေသော မျက်လုံးများကို  ရှင်းသန့် သိနေသည်။

   ပြိုင်ပွဲ အပြင်ဘက် ထွက်ထားပေးရန် ဆုံးဖြတ်ထားပေမယ့် အခုလို စိန်ခေါ်လာတော့ ရှင်းသန့် သွေးများ ဆူပွက်လာသည်။

  Alvin ကို အေးစက်သော အကြည့်များနှင့် ပြန်ကြည့်လိုက်တော့ သကောင့်သားလေးက ဂရုမစိုက် . . . လရိပ် ပုခုံးလေးကို ပို တင်းကျပ်စွာ ဖက်လိုက်သည်။

   လရိပ်ကို ပိုင်စိုးပိုင်နင်း ချုပ်ကိုင်ထားသော လက်များကို ဆွဲသာဖယ်ချင် စိတ်များ ထိန်းမရ ။

   အကင်းပါးသော ဖူးပွင့် တယောက် Alvin ရဲ့ အကွက်များကို ချက်ခြင်း ရိတ်မိသွားသည်။

    Alvin လရိပ်ကို ကြိုက်နေတာတော့ လုံး၀ မဖြစ်နိုင် ရှင်းသန့် မနာလိုအောင် သက်သက် ကလိနေခြင်းသာ ဖြစ်နိုင်သည်။  ရှင်းသန့် ကတော့ Alvin ထောင်ချောက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ၀င်ရောက်သွားပြီ ဖြစ်သည်။

   Alvin ကတော့ ရှင်းသန့်ရဲ့ အသက်သေစေနိုင်သော  အကြည့်များကို ဂရုမစိုက်  တလောကလုံး သူနဲ့ လရိပ် နှစ်ယောက်တည်း ရှိသလိုမျိုး လက်ဖက်တစ်ဇွန်း လရိပ်ကို ခွံ့ကျွေးလိုက်ပြီး လရိပ် ဆံပင်လေးများကို သပ်တင်ပေးနေသည်။

"ဒီနေ့ည ကိုယ်တို့ club သွားကြမလား club မသွားရတာ ကြာပြီလေနော် "

    လရိပ် ဆံပင်လေးများကို တယုတယ သပ်ပေးရင်း ပြောလိုက်သော Alvin ရဲ့ ပါးစပ်ကို ပိတ်ရန် လရိပ် နောက်ကျသွားခဲ့သည်။

"လရိပ်က club သွားတယ်?"

  စေမန်က မယုံနိုင်သလို ၀င်မေးတော့  ရှင်းသန့် နဲ့ ဖူးပွင့်လည်း မယုံကြည်နိုင်။

မာနမင်းသား ရဲ့ လရိပ်ရောင် (Uni + ZawGyi)Where stories live. Discover now