27. The solution

88 10 3
                                    

"မင်းငါ့ကိုစောင့်နေခဲ့တယ်လို့ပြောတယ်နော်။ ဘာလို့လဲ? ငါသေချာပေါက်လာမယ်လို့ မင်းဘာလို့ ထင်ထားခဲ့တာလဲ..?"

"ဟင်?"

သူမေးလိုက်တော့ Kai က နားမလည်သလို ခပ်ပြူးပြူးလေး ကြည့်လာသည်။
လိုက်ကာကနေတစ်ဆင့် နေရောင်ခြည်ခပ်မှိန်မှိန်က Kai မျက်နှာပေါ် ဖြာကျနေလျက်ရှိသည်။
ဪ ဘာလိုလိုနဲ့ မိုးတောင်လင်းပြီပဲ..

"ဪ ငါရောက်လာလာချင်းက မင်းက ငါ့ကို တစ်နေ့လုံးစောင့်နေတာလို့ ပြောတယ်လေ"

"ဪ သိပြီ။ ကဲပါ ဘာတွေသိချင်နေတာလဲ လာ ဒီကိုလာ"

Kai က ပြောရင်း မျက်ချင်းဆိုင် ထိုင်နေတဲ့  သူ့ကို Kai ကိုကျောပေးစေကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ထို့နောက် သူ့ဆံပင်များကို ဖွကာ ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးနေလေသည်။
သူလည်း ခပ်ဖွဖွ ရယ်မိရင်း Kai ရင်ခွင်ကိုမှီကာ မျက်လုံးများမှိတ်ထားလိုက်မိသည်။

အား.. ချစ်ရတဲ့ကောင်လေးရဲ့ ရင်ခွင်ကနွေးလိုက်တာ..

နှစ်ယောက်လုံး ဘာစကားမှပြောမနေပေမဲ့ စိမ်းကားနေခြင်း ကသိကအောက်ဖြစ်ခြင်းမျိုးမရှိဘဲ နွေးထွေးသော ခံစားချက်လေးသာ ရှိနေသည်ကို သူအတော်သဘောကျသည်။ ဘာမှမပြောလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်နေသလို.. အတူရှိနေရုံနဲ့ ပြည့်စုံနေသလို..

အလာတုန်းကတော့ ပြန်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ ရောက်ပြီးနောက်မှတော့ အစီအစဉ်တွေပြောင်းကာ Suho ကိုသာ ပြန်ဖို့ပြောပြီး သူကတော့ ဒီမှာပဲ ကျန်နေဖြစ်ခဲ့သည်။

သူတို့နှစ်ယောက် တစ်ညလုံး ဒီလိုပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တစ်ယောက်နား တစ်ယောက်မှီရင်းထိုင်ရင်းသာ အချိန်အများစုကို ကုန်ဆုံးခဲ့ကြသည်။
တစ်ချက်တစ်ချက်တော့ ဘာရယ်မဟုတ် အာလဘသလာဘ ပြောဖြစ်ကြသည်။
သူ ဒီအိမ်မှာ စစအလုပ်လုပ်ချင်းက အကြောင်းတွေ.. သူတို့ စစတွေ့ချင်းကအကြောင်းတွေ စသည် စသည်..
ရုတ်တရက် စကားထပြောရင်တောင် ကသိကအောက် ဖြစ်သွားခြင်းမရှိတာ ကိုလည်း သူ ပျော်မိသည်။ သူတို့ နှစ်ယောက်သားဟာ တစ်ယောက်နှင့် တစ်ယောက် အတော်သက်တောင့်သက်သာရှိနေကြသည်မှာ မသိရင် နှစ်ရှည်လများ သိလာပြီးသား လူနှစ်ယောက်လိုလို..

Time Travel Where stories live. Discover now