16.Undecided

565 90 10
                                    

လက်ထဲက လွတ်ထွက်သွားတဲ့ ဖန်ခွက်ကို
ပြုတ်ကျသွားရင် ကွဲသွားမယ်ဆိုတာ သိပါလျက်..
ဖမ်းလိုက်လျှင် မှီသေးပါလျက်..
ဖမ်း လိုက်ဖို့ ကြိုးတောင်မကြိုးစားမိ။..

ပြုတ်ကျသွားတဲ့ ဖန်ခွက်ကို ကျောက်ရုပ်တစ်ရုပ်လိုသာ ကြောင်ပြီး ရပ်ကြည့် နေမိသည်။

တခဏချင်းမှာပဲ မျက်စိရှေ့တင် ဖန်သားနဲ့ ကြမ်းပြင်နဲ့ အထိမှာ ဖန်စတွေ ကြမ်းပြင်ပေါ် ပြန့်ကျယ်သွားလေရဲ့..

ဒီအချိန်ထိ ငြိမ်သက်စွာ ပြီးတော့ စိတ်နဲ့ ကိုယ်နဲ့ မကပ်စွာ သတိလက်လွတ်နဲ့ ထိုဖန်စများကို ကြည့်နေမိဆဲ..

"Soo ဒီနေ့ဘယ်လိုဖြစ်တာလဲ ? နေမကောင်း ဘူးလား ?"

ဦးလေး Jo ရဲ့ စကားသံကို ကြားမှ Kyung Soo သတိ ပြန်ကပ်လာသည်။

"ဟာ.. သွားပါပြီ။"

ခြေထောက်ရှေ့က ဖန်စတွေကို ကြည့်ရင်း စိတ်ပျက်လက်ပျက် တစ်ကိုယ်တည်း ရေရွတ်မိသည်။
ဒီ ဖန်ခွက်နဲ့ဆို ဒီ မနက်ပိုင်းလေးတင်ပဲ သူ လွတ်ကျတာ ဖန်ခွက် သုံးခွက်ရှိပြီ။

"ဟမ် Soo ? နေကောင်းရဲ့လား ?"

နောက်တစ်ခါ ဦးလေး Jo ထပ်မေးမှ ကြောက်လန့်တကြား ဦးလေး Jo ကို မော့ကြည့်မိသည်။
ဦးလေး Jo မျက်လုံးထဲမှာ ဒေါသထက် စိုးရိမ်မှုတွေကို တွေ့နေရသည်။

aish.. အားနာလိုက်တာ..

"ဟို..ဟိုဟာ ကျွန်တော် ခေါင်းနည်းနည်း မူးနေလို့။"

အကြောင်းအရင်းမရှိ Kyung Soo လိမ်လိုက်မိသည်။ အမှန်အတိုင်း ဘာပြောရမလဲကို Kyung Soo မသိ။

"ဪ ဒါဆို ခဏ သွားနားလိုက်တော့။
ထမင်းစားပြီးမှ ပြန် လာ ခဲ့။ ဟုတ်လား?"

ဦးလေး Jo က သူ့ပုခုံးကို လှမ်းပုတ်လိုက်ရင်း ပြုံးပြသည်။ သူ.. ဦးလေး Jo ကို အေးစက်စက်နေတတ်တယ် လို့ ထင်ထားတာ.. အမှန်တော့ မဟုတ်ဘူးပဲ..

"ဟုတ်ကဲ့။ ဒါဆို ကျွန်တော် အခန်းထဲမှာ ရှိနေပါမယ် နော်။"

သူ ဦးလေး Jo ကို ပြန်ပြုံးပြလိုက်ရင်း ခါးညွှတ်ကာ နှုတ်ဆက်လိုက်ပြီး အခန်းဆီသို့ လှည့်ထွက်ခဲ့လိုက် သည်။

Time Travel Место, где живут истории. Откройте их для себя