"ကျွန်တော် အလုပ်ထွက်ချင်လို့ပါ သခင်လေး။"
သူ့စကား အဆုံးမှာ Kai က အလွန်စိတ်ရှုပ်ထွေးသွားသော မျက်နှာဖြင့် သူ့အား မျက်မှောင်ကြုတ်ကာ မော့ ကြည့်လာသည်။
"ဘာလို့လဲ?"
သို့သော် သိပ်မကြာလိုက်ခင်မှာပဲ Kai ရဲ့ မျက်မှောင်က ပြေလျော့သွားကာ သူ့ကိုကြည့်နေရာမှ Kai က ခေါင်းပြန်ငုံ့သွားသည်။
Kai အသံထဲမှာ မည်သည့် ခံစားချက်မျှ မတွေ့ရ။..
ဝမ်းနည်းမှုရော.. ပျော်ရွှင်မှုရော မရှိ။
ပျော်ရွှင်မှုမရှိလို့ပဲ တော်သေးတယ် ပြောရမလား..?ဒါပေမဲ့လည်း နေနိုင်လိုက်တာ..
ပြီးတော့ ဒီမေးခွန်းကိုလည်း မေးရက်လိုက်တာ..
ဘယ်လို အဖြေမျိုးကို ကြားချင်တာလဲ ?
ဟုတ်ကဲ့ မနေ့တုန်းက သခင်လေး ကျွန်တော့ကို ပြန်ပေးလိုက်တဲ့ အဖြေကြောင့်ပါ လို့များ ဖြေစေချင်တာလား..?
သူ့ပါးစပ်ကနေ အဲ့လို ထွက်လာတာကိုကြားချင်တာလား..?
"အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိုတော့ ခွဲခြားထားသင့် တယ် ထင်တယ်။"
သူ ဘာမှ ပြန်မဖြေရသေးခင်မှာပဲ Kai ဆီက စကားသံ အချို့ထပ်ထွက်လာသည်။
ဪ.. အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ တဲ့လား..?
ဒီလိုစကားကို ဒီလို အသက်မပါဘာမပါ အသံနဲ့ ပြောနိုင်တဲ့ Kai ကို သူ တကယ် ချီးကျူးမိပါသည်။
သူတစ်ယောက်တည်း တစ်ဖက်သတ် တည်ဆောက်ခဲ့မိတဲ့ ဒီခံစားချက်တွေကြောင့် သူ တစ်ယောက်တည်းသာ အခုလို ဝမ်းနည်းနာကျင်နေရတာလား..?
ဟင့်အင်း.. တစ်ဖက်သတ်မှမဟုတ်တာ..
Kai.. Kai လည်း သူ့ကို စိတ်ဝင်စားမိပါတယ်လို့ မနေ့က ပြောတယ်လေ..
ဒါပေမဲ့ Kai ဘာလို့ ဒီလောက်ထိ တည်ငြိမ်နေရတာလဲ။.. မနေ့ကသူ ဘာမှမပြောခဲ့သလို.. ဘာမှ မဖြစ်ခဲ့သလိုပဲ..
"ပြန်မဖြေတော့ဘူးလား Soo?"
"ကျွန်တော်.."
Kai အသံထပ်ကြားမှ ပြန်ဖြေဖို့ အားတင်းကာ စကားစ လိုက်ပေမဲ့ ထိုစကားက အစမှာတင် အဆုံးသတ်သွား ရသည်။ သူ ဘာမှ ဆက်မပြောနိုင်တော့။
BẠN ĐANG ĐỌC
Time Travel
FanfictionMe and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အတိတ်ကိုတဖန် ပြန်သွားခဲ့တဲ့ Kyung Soo သွေးအေး ရက်စက်ပြီး အရာရာကို ဦးနှောက်သုံးပြီးပဲ ဆုံးဖြတ်တတ်ပေမဲ့ အတွင်းစိတ်က နူးညံ့ပြီး ကလေးဆန်သူ Vampi...