ကုတင်ပေါ်လှဲလျောင်းရင်း Kyung Soo တစ်ယောက် အိပ်ပျော်ဖို့ကြိုးစားနေမိသည်။ သို့သော်လည်း မအောင်မြင်ဘဲ ခေါင်းထဲကို အတွေးပေါင်းစုံက ဝင်ရောက် နေ ပြန်သည်။
နာရီကို လှမ်းကြည့်မိတော့ ည ကိုး နာရီ..
သို့သော် ဘယ်လိုမှ အတွေးတွေကိုခေါင်းထဲမှ မောင်းထုတ် လို့မရ..
ဒီနှစ်ရက်အတွင်း Kai သူ့ကို သိသိသာသာရော မသိမသာပါ ရှောင်နေတာကို သူ သတိတော်တော် ထားမိသည်။
အင်း နှစ်ရက်ပေါ့.. ပွဲပြီးသွားပြီးကတည်းကနေ ဒီနေ့ အထိဆိုတော့..အင်း.. ရှောင်လည်း ရှောင်ချင်စရာပါပဲ..
သူ.. သူ မူးပြီး မပြောသင့်တာတွေ မလုပ်သင့်တာတွေ လျှောက်လုပ်ခဲ့တာကိုး..
အား.. အဲ့အကြောင်းစဉ်းစားရင် ဒီနေရာကနေ ချက်ချင်း အငွေ့ပျံသာ ပျောက်ကွယ်သွား လိုက်ချင် သည်။
ခွင့်ယူဖို့ကလည်း မပြောချင်။..
ခွင့်ယူရင်လည်း ဒီအိမ်ထဲမှာပဲ နေနေရမှာဆိုတော့ ဘာမှမထူး..အမှန်ဆို ထိုနေ့က အိမ်ပြန်ရမဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ စိတ်ညစ်ညစ်နဲ့ ဝိုင်တွေသာ မသောက်ခဲ့ ရင် ..
အခုလို အရှက်ရ စရာတွေ ဖြစ်လာမှာ မဟုတ် ..အခု.. အခုတော့..
ထိုနေ့က ဖြစ်ခဲ့သော ကိစ္စများက သူ အကုန်လုံး အတိအကျ မမှတ်မိပေမဲ့ သူ Kai ကို အိမ်သာရှေ့မှာဖွင့်ပြောခဲ့ မိသည် ဆိုသည်ကိုတော့ မှတ်မိသည်။
ထိုနောက်ပိုင်းကိစ္စတွေတော့ ဝေဝေဝါးဝါးပင်..
သူ နောက်နေ့မနက်နိုးလာတော့ ခြံနောက်က အိမ်ပု လေးထဲမှာ..
Kai ပဲ သူ့ကို တွဲခေါ်လာခဲ့သည် ထင်သည်။
အင်းလေ.. တခြားဘယ်သူမှလည်း ရှိမှမရှိတာ..ထိုနေ့မနက်ကစပြီး Kai သူ့ကို ရှောင်နေခဲ့ခြင်း ဖြစ်သည်။
ခါတိုင်း ကော်ဖီဖျော်နေကျ ဖြစ်သော သူ့ကို လျစ်လျူရှု ပြီး ဦးလေး Jo ကိုသာ ဖျော်ခိုင်းတော့သည်။
သွားပို့ပေးရင်လည်း ဦးလေးJo ကိုဆို ဆက်ဆံရင် တစ်မျိုး..
သူ့ဆို "အင်း" တစ်လုံးတည်း ပြန်ပြောပြီး မော့တောင် မကြည့်။ အရင်တုန်းက အဲ့လိုမှ မဟုတ်တာလေ..
YOU ARE READING
Time Travel
FanfictionMe and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အတိတ်ကိုတဖန် ပြန်သွားခဲ့တဲ့ Kyung Soo သွေးအေး ရက်စက်ပြီး အရာရာကို ဦးနှောက်သုံးပြီးပဲ ဆုံးဖြတ်တတ်ပေမဲ့ အတွင်းစိတ်က နူးညံ့ပြီး ကလေးဆန်သူ Vampi...