5.It Begins

1.3K 157 10
                                    

ခုတလော Kyung Soo အတော်ကို အလုပ်ရှူပ်နေသည်။ ဘာတွေ ရှူပ်နေမှန်းမသိဘဲနဲ့ ကိုရှူပ်နေတာ..။

Suho လာပေးသွားတဲ့ အိတ်လေးကြောင့်လဲ ပါတာပေါ့လေ။ ထိုအိတ်လေးက Kyung Soo ဒီကို ရောက်လာတော့ Kyung Soo နှင့်အတူ ကျလာတဲ့ အိတ်လေး လို့တော့ Suho ကပြောသည်။
ထိုအိတ်လေးကို သူမွှေကြည့်လိုက်တော့ Samcheon ရဲ့ အခန်းထဲက စာအုပ်လိုမျိုး စာအုပ်အသေးလေး တအုပ်ကိုတွေ့သည်။ သူ့လုပ်ငန်း ပြန်လည် စတင်ပြီပေါ့။ ဒါပေမဲ့ အဲ့စာအုပ်လေး ရတာ ၅ ရက်လောက်တောင် ရှိပြီ။ ဘာမှ ထွေထွေထူးထူး မသိသေး။ Kyung Soo လည်း စဉ်းစားရလွန်း၍ ဆံပင်တောင် ဖြူတော့မည်။

လွန်ခဲ့တဲ့ နှစ် ၁၂၀ လောက်ကို သူဘာလို့ ပြန်ရောက်လာရတာလဲ ? အဲ့ဒါကို သူမရှင်းဆုံးပါ။
၁၈၉၅ ဆိုတာ သူ့အဖေတောင် မမွေးသေး။ ဟင့်အင်း သူ့အဘိုးတောင် ၅ နှစ်သားလောက်ပဲ ရှိဦးမှာ။ Samcheon ပိုလို့တောင် ဆိုးဦးမယ်။ ဒါဆို Samcheon ပြောတဲ့ ဟိုမိန်းမကရော။

"ဟူးး.."

Kyung Soo လေးပင်စွာသာ သက်ပြင်းချမိသည်။ အတော်ကို ရှူပ်ရှက်ခတ်နိုင်လွန်းတဲ့ ကိစ္စတွေပဲ။ ရုတ်တရက် နာရီကို သတိရကာ ကြည့်မိတော့ မနက် ၁၀ နာရီ ထိုးနေပြီ။ ၁၁ နာရီမှာ သူ Suho နဲ့ နေရာတခုကို လိုက်သွားရဦးမည်။ အင်း ဈေးဝယ်ထွက်မယ်လို့ ပြောရင် ပိုကောင်းမယ်ထင်တယ်။ သူဝတ်ဖို့ အင်္ကျီတွေ ဝယ်ရမယ်လေ.. Suho အင်္ကျီပဲ ကပ်ဝတ်လို့ မရဖူးမဟုတ်လား။ သူဒီမှာ ဘယ်လောက်ကြာမယ်မှန်းလည်း မသိဖူးလေ။

Kyung Soo တွေးလက်စအတွေးကို ဖြတ်ကာ ရေချိုးဖို့ပြင်လိုက်သည်။ ရေချိုးပြီးတော့ ဘီရိုထဲက အမည်းရောင် အင်္ကျီဝမ်းဆက်လေးကို လဲကာ ဝတ်လိုက်သည်။ ထို့နောက် စာအုပ်လေးကို သူနှင့်အတူပါလာသော အိတ်လေးထဲ ပြန်ထည့်ရင်း အဲ့အိတ်လေးကို စလွယ်သိုင်းကာ လွယ်လိုက်သည်။ နာရီကို လှမ်းကြည့်လိုက်တော့ ၁၀:၄၅။ Okay. ၁၅ မိနစ်ပဲ လိုတော့သည်။ မကြာခင် Suho ရောက်လာတော့မည်။ ထို့ကြောင့် သူဧည့်ခန်းထဲမှာ ထိုင်ရင်း Suho ကိုစောင့်နေလိုက်သည်။ ၁၁ နာရီ အတိမှာပဲ Suho ရောက်လာသည်။

"ဘယ်လိုလဲ Kyung Soo ? ပြင်ဆင်ပြီးပြီလား ?"
"အင်း.."
"ဒါဆို သွားကြတာပေါ့။"
"အင်း.."
"မင်းအဲ့ တလုံးပဲ ပြောတတ်လား ?"
"အင်း.."
"တော်ပြီ တော်ပြီ။ လာ။"
"အင်း.."

Suho ကသူ့ကို ကြည့်ပြီးခေါင်းခါကာ ရှေ့ကထွက်သွားသည်။
Kyung Soo လည်း ရှေ့က မြန်မြန်သွားနေတဲ့ Suho နောက်ပြေးလိုက်သွားရင်း ပြုံးလိုက်သည်။ ထို့နောက် တော်တော်ရှေ့ရောက်နေတဲ့ Suho ကိုလှမ်းအော်လိုက်သည်။

"စောင့်ဦးလေ။"
~^~^~^~^~^~
"Wahh.!"

Kyung Soo မျက်စိရှေ့ကို ကြီးမားကျယ်ပြန့်တဲ့ ဈေး ကြီးကိုကြည့်ရင်း အံအားသင့်သွားမိသည်။ ထိုဈေးကြီးက ၂၀၁၅ မှာလို အဆောက်အဦး ကြီးထဲမှာ မဟုတ်ပါ။ ပျံကျ ဈေးလို့ ခေါ်ရမယ်ထင်တယ်။ အတော်တော့ ကျယ်သည်။

ဟိုနားလှည့်ပတ်ကြည့် ဒီနားလှည့်ပတ်ကြည့်ရင်း ခဏ ကြာတော့ Kyung Soo တခုခုကို သတိထားလိုက် မိသည်။
မိန်းမတယောက်။..
ထိုမိန်းမက သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည်။
အူကြောင်ကြောင်ပဲ သူထိုမိန်းမကို ပြန်ကြည့်နေ လိုက်တော့ ထိုမိန်းမ တခုခုကို လန့်ဖြန့်သွားတဲ့ ပုံစံနှင့် လမ်းထောင့်ချိုးထဲကို ပြေးဝင်သွားသည်။ သူလည်း ဆက်ကြည့်မနေတော့ဘဲ အာရုံလွှဲကာ အင်္ကျီဆိုင်ထဲမှာ သူ့အတွက် အင်္ကျီရွေးနေတဲ့ Suho နားသွားရပ်နေလိုက်သည်။

အတန်ကြာအောင် ဈေးပတ်ဝယ်ပြီးတော့ Kyung Soo အတွက် အင်္ကျီ ငါးထည်လောက်တော့ ရလာပြီ။ သူ့အတွက်လုံလောက်ပြီမို့ Suho ကို ထပ်မဝယ်တော့ဖို့ ပြောလိုက်သည်။

"Okayy. အာ့ဆို ပြန်မယ်လေ။"
"အင်း.."
"လာ ဒီဘက်မှာ။"

"Kim Suho ssi !!!"

ဈေးထဲက ထွက်ခံနီးမှာပဲ နောက်က အော်သံကြောင့် သူတို့ နှစ်ယောက်လုံး လှည့်ကြည့်မိသည်။

"ဘာဖြစ်လို့လဲ ?"

Suho ကမေးလိုက်တော့ ထိုလူက Suho လက်ထဲ စာအိတ်တအိတ်ကို ထိုးထည့်ပေးပြီး ထွက်သွားသည်။ Suho ကထိုစာအိတ်ကိုဖွင့်ဖောက်ပြီး စာအိတ်ထဲက စာကိုဖတ်ကြည့်နေသည်။

"ဘာရေးထားတာလဲ ?"

Kyung Soo မေးလိုက်တော့ Suho က စိုးရိမ်စိတ်များနေတဲ့ မျက်ဝန်းတွေနဲ့ Kyung Soo ကိုကြည့်လာသည်။

"ငါတို့တော့ ဒုက္ခရောက်ပြီထင်တယ်။"
~^~^~^~^~^~

Time Travel Where stories live. Discover now