10.Something New

1.2K 168 9
                                    

Kyung Soo တယောက် ကုတင်ပေါ်မှာလှဲရင်း ဟိုစဉ်းစားဒီစဉ်းစား လုပ်နေမိရင်းက မနေ့ညတုန်းက Suho ပြောပြတဲ့ အကြီးအကဲတွေ အကြောင်းက ခေါင်းထဲပြန်ဝင်လာသည်။

Suho စကားအရဆို ဒီမြို့မှာ Jae, Min, Hwa, Oh, Shin, Kai  ဆိုတဲ့ အကြီးအကဲ ခြောက်ယောက် ရှိသည်။
ထိုအကြီးအကဲ အားလုံးအနက် Kai ကအငယ်ဆုံးဖြစ် ပြီး Jae Ahjussi ကအကြီးဆုံးဖြစ်သည်။ သို့သော် အသက်ကြီးပိုင်း ငါးယောက်ထဲမှာ ဥာဏ်အကောင်းဆုံး၊အာဏာအရှိဆုံးက Min Ahjussi ပင်ဖြစ်သည်။ Kai ကတော့ အကြီးအကဲတာဝန်တွေ အကုန်ထမ်းဆောင်ပေးပေမဲ့ သက်ကြီးပိုင်းတွေနှင့် သိပ်အဆက်အသွယ်မရှိတဲ့ပုံ ဟု Suho ကပြောသည်။

Min Ahjussi က Kai ကိုဆို တော်တော် မျက်နှာသာပေးပေမဲ့ Kai ကတော့ ပုံမှန်သာ ဆက်ဆံသည်ဟုလည်း ပြောသေးသည်။ Hwa ahjussi,Shin ahjussi,Oh ahjussi တို့ကတော့ သိပ်ပြီး အရေးမပါတဲ့ပုံပင်။ အကြီးအကဲအားလုံးက Vampire များပင်ဖြစ်ကြသည်။

အဲ့အချိန်တုန်းကပဲ Kyung Soo Suho ကို အစ်အောက်မေးကြည့်တော့ Kai အကြောင်းအနည်းငယ်သိခဲ့ရသည်။ Kai က Vampire တကောင်ဖြစ်ပြီး သူ့မိဘတွေက သေသွား ကြပြီဖြစ်သည်။ သူ့မိဘတွေ သေသွားရတဲ့ အကြောင်းအရင်းက ဒီမြို့မှာ ရိုးရိုးလူတွေမနေရတော့တဲ့ အကြောင်းအရင်းနှင့် ဆိုင်သည်ဟု Suho ကပြောသည်။ သို့သော် ထိုအကြောင်းအရင်းကိုကား မည်သူမှမသိတဲ့လေ။

အဲ.. သူတခုထပ်ပြီးသိခဲ့ရတာက Kai က သူ့အဖေနှင့် တချွတ်စွတ်တည်းနီးပါး တူသည်တဲ့လေ။ ခေါင်းထဲကို ရောက်လာသည့် ထိုအတွေးကြောင့် ညကကြည့်မယ်ဆိုပြီးမကြည့်ဖြစ်လိုက်တဲ့ မှတ်စုစာအုပ်လေးကို Kyung Soo စားပွဲပေါ်မှ လှမ်းယူလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှာ ပြန်လှဲချလိုက်ပြီး စာအုပ်လေးကို သူမှတ်ထားတဲ့ နေရာလေးဆီသို့ ရောက်အောင် လှန်လိုက်သည်။

ထိုစာမျက်နှာလေးပေါ်တွင်တော့ Kai နှင့် အတော်တူတဲ့ ပန်းချီပုံလေးတပုံက နေရာယူထားသည်။ အကယ်၍သူသာ မမှားရင်,ဒါ Kai အဖေပဲဖြစ်ဖို့ များသည်။ ဒါပေမဲ့ ဘယ်လိုလုပ် Kai အဖေကပါ ဒီရှူပ်ရှက်ခတ်နေတဲ့ ပြဿနာထဲ ဝင်ရောက်လာရတာလဲ..?

"Kyung Soo.."

သူစာအုပ်ကိုကြည့်နေရာမှ ခေါင်းငဲ့ကြည့်လိုက်တော့ တံခါးပွင့်လာပြီး Suho ဝင်လာသည်။

Time Travel Where stories live. Discover now