26. Bittersweet

176 25 0
                                    

သူ့ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ အိမ်ကြီးကို ကြည့်ရင်း KyungSoo ရဲ့ အစကတည်းက ခုန်နေတဲ့ ရင်တွေ ပိုလို့တောင် ခုန်လာသည်။ လှမ်းနေတဲ့ခြေလှမ်းတွေကလည်း မူမမှန်တော့သလိုလို ခံစားလာရသည်။ တကိုယ်လုံးလည်း အေးစက်လာသည်ကို ခံစားနေရသည်။ ဘာလုပ်ရမယ်မှန်းမသိတာနဲ့ လက်ပိုက်လိုက်ကာ အနည်းငယ်ကိုင်းနေတဲ့ ကျောကုန်းကို ဆန့်လိုက်မိသည်။

"အဆင်ပြေရဲ့လား KyungSoo?"

သူ့ရဲ့မူမမှန်တော့တဲ့ပုံစံကို Suho က သတိထားမိလို့နဲ့တူရဲ့.. အဆင်ပြေရဲ့လား မေးလာသည်။

"အင်း သိပ်တော့မပြေဘူး စိတ်လှုပ်ရှားလာလို့"

သူလိမ်ညာမနေတော့ဘဲ အမှန်တိုင်းသာ ပြောလိုက်တော့သည်။
ထိုအခါ Suho က သူ့ကို နွေးထွေးစွာ ပြုံးပြရင်း သူ့ပုခုံးများကို သိုင်းဖက်လိုက်လေသည်။

"အဆင်ပြေသွားမှာပါ မကြောက်နဲ့"

သူလည်း Suho ကို ပြန်ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။
စိတ်ကို ဘယ်လို ငြိမ်အောင်ထားနေသော်လည်း အိမ်နဲ့နီးလာလေ ပိုပြီးယောက်ယက်ခတ်လာလေ ဖြစ်သည်။ ဒါတောင် ခြံဝ နဲ့ အိမ်ရဲ့ တစိတ်တပိုင်းကိုသာ မြင်ရသေးတာ ဖြစ်သည်။ အိမ်ထဲများ တကယ်ဝင်ရလျှင်တော့ ဘယ်လိုတောင် ဖြစ်နေမလဲ မသိ။
~^~^~^~^~
"ဘယ်သူလဲ? ဘယ်သူနဲ့တွေ့ချင်လို့လဲ?"

ခြံဝကိုရောက်တော့ ခြံဝမှာစောင့်နေသူက သူတို့နှစ်ယောက်ကို စီးကြိုကာ မေးလေသည်။ ခြံစောင့်က မျက်နှာစိမ်းတစ်ယောက်ပင်။ အေးလေ.. ခြံစောင့်တွေက တစ်နေ့ကို တစ်ယောက်ပြောင်းနေတာကိုး။

"Kim Suho ပါ။ သခင်လေး Kim Kai နဲ့တွေ့ချင်လို့"

Suho က တွန့်ဆုတ်နေခြင်းမရှိပဲ အသံခပ်မာမာဖြင့် ဖြေလေသည်။

"ဘေးက တစ်ယောက်ကရော?"

သို့သော် ခြံစောင့်က Suho နာမည် သိရရုံနှင့်တင် လုံလောက်ပုံမရ။ ဘေးနားမှာ ရပ်နေတဲ့သူ့နာမည်ကိုပါ မေးလာသည်။

"Soo ပါ"

သူ ခပ်မြန်မြန်နှင့် ခပ်တိုးတိုးသာ ပြန်ဖြေလိုက်သည်။

Time Travel Where stories live. Discover now