12.Clue

771 113 9
                                    

တနေကုန် ထိုင်ထားရလို့ ညောင်းညာနေတဲ့ သူ့ကိုယ်လုံးကို Kyung Soo စိတ်လွတ်လက်လွတ်ပဲ ကုတင်ပေါ်ကို ပစ်ချကာ လှဲလိုက်သည်။ ပင်ပန်းလိုက်တာ.. ဒီနေ့လုပ်ရတဲ့ အလုပ်က အရင်နေ့လိုမဟုတ်ဘဲ ခုံမှာထိုင်ပြီး စာရွက်စာတမ်းပေါင်းမျိုးစုံက အကြောင်းအရာတွေ မှတ်ရ ဖတ်ရတာဖြစ်သည်။..

အင်း.. လက်ထောက်အလုပ်ကလည်း မလွယ်ပါလားနော်။ Kim Kai ဆိုတဲ့ လူအကြောင်းကို လုံးစေ့ပတ်စေ့ အကုန်သိပြီး ခေါင်းထဲထည့်ထားရတယ်။
ပြီးတော့ လုပ်ငန်းကိစ္စ ဖြစ်ပျက်သမျှ အရာအားလုံးကို ခေါင်းထဲထည့်ထားပြီး သူ့ကိုပြန်သံတော်ဦးတင်ရမဲ့ပုံစံမျိုး။
ဒါ့အပြင် သူခိုင်းသမျှ ကော်ဖီဖျော်ခိုင်းတာကစလို့ ကိစ္စအကြီးကြီးတွေအထိ အကုန်လိုက်လုပ်ပေးရဦးမှာ။
အာ.. နောက် ထို Kim Kai ဆိုတဲ့ လူကလည်း ဂျီးက ခပ်များများရယ်။ ဟိုဟာလုပ်တာ မကြိုက်ဖူး.. ဒီဟာလုပ်တာမကြိုက်ဖူး။ သူနဲ့တွေ့ရင် ဟိုလို စကားမပြောရဖူး.. ဒီလိုပဲပြောရမယ်။ ဟိုလိုနေတာ မကြိုက်ဖူး.. ဒီလိုနေတာမကြိုက်ဖူး။ ကော်ဖီဆိုလည်း ဟိုလို ဖျော်ရင်မကြိုက်ဖူး.. ဒီလိုပဲဖျော်ရမယ်။
များလိုက်တဲ့ ကန့်သတ်ချက်တွေဆိုတာလည်း ပြောမနေနဲ့။ အဲ့ကန့်သတ်ချက်တွေ အတိုင်းသာနေရင် လူကလူနဲ့တောင်မတူတော့ဘဲ စက်ရုပ်နဲ့တူသွားလိမ့်မယ်။.. ဒါကြောင့် ဒီအိမ်မှာ နေတဲ့သူတွေက စက်ရုပ်ကြီးတွေလိုလို တောင့်တောင့်ကြီးတွေဖြစ်နေတာ ဖြစ်ရမယ်။

Kai နဲ့ပတ်သက်ပြီး တော်တော်များများကို ဦးလေး Jo က ပြောပြပေမဲ့ Kai မိသားစုနဲ့ ပတ်သက်ပြီးတဲ့ အရာတွေကိုတော့ မပြောပြပေ။ Kai နဲ့ပတ်သက်ပြီး သူသိလာရသလောက် Kai မိသားစုနဲ့ပတ်သက်ပြီး အခုထိ သူဘာမှမသိသေး။ နောက်တော့လည်း သိလာရမှာပေါ့လေ..။

Kai.. ထိုလူ့အကြောင်းကို တွေးမိတော့.. သူ့ခေါင်းထဲသို့ မနက်တုန်းက အဖြစ်အပျက်တစ်ချို့ရောက်လာလေသည်။

~ Flashback starts ~

Kyung Soo မသွားချင်ပါဖူးဆိုနေမှကို ဦးလေး Jo ကဖျော်ထားတဲ့ ကော်ဖီခွက်ကို Kai ဆီ အတင်းကို သွားပို့ခိုင်းသည်မို့ မကျေမနပ်ဖြင့် သူ Kai အခန်းဆီသို့ ဦးတည်ကာ သွားနေသည်။

Time Travel Όπου ζουν οι ιστορίες. Ανακάλυψε τώρα