22.Mind

574 108 2
                                    

"Suho! Suho!"

အိမ်အပြင်က အော်ခေါ်သံကြောင့် သူ အိမ်ရှေ့တံခါး ဆီသို့ အမြန်ပြေးသွားလိုက်သည်။

ဘယ်သူပါလိမ့်..

တံခါးကို ဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ သူကြောင့် Suho တော်တော်ကြောင်သွားတာတော့အမှန်ပင်..

"ဟမ်? Soo?"

သူ့ရှေ့မှာ ရပ်နေတဲ့ Soo က ပြုံးတယ်ဆိုရုံလေး ပြုံး ပြသည်။..

"ငါ့ကို အထဲပေးမဝင်တော့ဘူးလား ?"

တံခါးမှာ ပိတ်ကာရပ်နေတဲ့ သူ့ကို Soo ကို နောက်သလိုလို လှမ်းမေးသည်။ သို့သော် Soo မျက်နှာကတော့ မရွှင်လန်း။

"ဟာ မဟုတ်ပါဘူး ဝင်ခဲ့လေ Soo. ပေး ငါ့ကို အဝတ်အိတ်။"

သူ Soo ဆီက အဝတ်အိတ်ကို လှမ်းယူလိုက်ပြီး သူကပဲ ဦးဆောင်ကာ အိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။ ထို့နောက် အဝတ်အိတ်ကို ဧည့်ခန်းထဲက ခုံပေါ်ချကာ မီးဖိုချောင်ထဲ ဝင်ပြီး Soo အတွက်ရော သူ့အတွက်ပါ ကော်ဖီ နှစ်ခွက် ဖျော်လိုက်သည်။
Soo ကတော့ ဧည့်ခန်းထဲမှာ ထိုင်နေမယ် ထင်သည်။

သူ ကော်ဖီဖျော်ပြီး ပြန်ထွက်လာတော့ သူထင်တဲ့ အတိုင်းပင် Soo က ဧည့်ခန်းထဲမှာ ထိုင်နေသည်။ သူ Soo ကို ကော်ဖီခွက် လှမ်းပေးလိုက်ရင်း Soo နှင့်မျက်နှာ ချင်းဆိုင်တွင် ရှိသော ခုံတွင် သူ နေရာယူကာ ထိုင်လိုက်သည်။

"ဘာတွေ ဘယ်လို ဖြစ်လာတာတုန်း Soo ရ ?"

သူ ချက်ချင်းဆိုသလိုပဲ Soo ကို မေးခွန်းထုတ်မိသည်။
Soo ကလည်း သူ မမေးရင် ပြောမဲ့လူမျိုး မဟုတ်။ ထို့ကြောင့်ပဲ သူကပဲ စကာ မေးလိုက်ခြင်းပင်။

Soo က သူ့ကိုမဖြေပဲ ကိုင်ထားတဲ့ ကော်ဖီခွက်ထဲက ကော်ဖီကိုသာ ကြည့်နေသည်။

ထို့ကြောင့် သူကသာ စကားဆက်လိုက်တော့သည်။

"ငါ့စိတ်ထဲ ဒီရက်ပိုင်းမင်းလာမယ်လို့တော့ ပေါ်သားကွ.. ဒါပေမဲ့ ငါက အလည်သဘောလောက်ထင်နေတာ။ အခုက မင်းက အဝတ်အိတ်နဲ့ပါဆိုတော့ အလည်သဘောတော့ မဟုတ်ဘူး ထင်တယ်.."

Soo ယုံပါ့မလားတော့ မသိဘူး.. သူ့စိတ်ထဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်က Soo အိမ်ကိုလာမည်ဟု ပေါ်လာခဲ့သော်လည်း သူက အလေးအနက်မဟုတ်လောက်ဘူး ထင် ၍ ပုံမှန်အတိုင်းပဲ နေနေခဲ့ခြင်းပင် ဖြစ်သည်။

Time Travel Where stories live. Discover now