18.Impossible

561 100 6
                                    

အိမ်သာရှေ့က သူတို့နှစ်ယောက်ရဲ့ ပုံက ဖရိုဖရဲ..
သူကလည်း Soo ကို လှမ်းထိန်းပေးထားဆဲ ဖြစ်သလို Soo ကလည်း သူ့လက်ပေါ်မှာ မှီနေဆဲ..

"Soo မူးနေပြီ။"

သူ စောစောက ကြားခဲ့တဲ့ စကားကို မကြားဟန်ဆောင်ကာ သူ့လက်ပေါ်က Soo ရဲ့ ခန္ဓာကိုယ်ကို ပြန် မတ် ပေးလိုက်သည်။ သို့သော် Soo က ယိုင်နေဆဲ ဖြစ်တာမို့ လက်မောင်းကနေတော့ ကိုင်ထားပေးရသေးသည်။

"သခင်လေး ခုနက ပြောတာကြားလား ?"

မျက်နှာချင်းဆိုင် အနေအထားမှာ ရှိနေတဲ့ Soo က သူ့ ရင်ဘတ်ကို လက်နှင့် လှမ်းထောက်ရင်း မေးလာသည်။

သူဟာသူ ယိုင်နေတာတော့ သိသားပဲ..

ဒါတောင် ယိုင်တိုင်တိုင်ဖြစ်နေတဲ့ Soo က သူ့ကို ပြုံးစိစိနဲ့ ကြည့်နေပြန်သေးသည်။

ဒီမေးခွန်းကို ဘယ်လို မျက်နှာမျိုးနဲ့ ကြားပါတယ်လို့ ဖြေရမလဲ ?

သူ့ ဘာပြန်ဖြေရမှန်းမသိ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းပေါ်က ဆံပင်တွေကို ဆွဲဖွ လိုက်မိသည်။

"မလုပ်ပါနဲ့.. လှနေတာကိုး။ ပျက်သွားတော့မယ်။"

ခုနက သူ့ရင်ဘတ်ပေါ်မှာ ထောက်ထားတဲ့ လက်က အခု သူ့ခေါင်းပေါ်သို့ရောက်ကာ ရှုပ်သွားတဲ့ သူ့ဆံပင်တွေက ပြန်ဖိသပ်ရင်း ပုံစံပြန်ကျအောင် လုပ်နေသည်။

ကိုယ်တော်ချောလေးက မူးပြီး လုပ်ချင်ရာတွေ လုပ်နေတာ.. သူကသာ ဘာလုပ်ရမှန်းမသိ ကျောက်ရုပ်လို.. တုန့်လည်းမတုန့်ပြန်နိုင်.. ငြင်းလည်းမငြင်းနိုင်..

"အင်း ပြန်လှသွားပြီ။"

သူ့ ဆံပင်တွေကို စိတ်ရှိလက်ရှိ ကိုင်ပြီးသွားတဲ့နောက်မှာ Soo က စိတ်ကျေနပ်သွားသလို ပြုံးပြန်သည်။
ထို့နောက် Soo က သူ့ပခုံးနှစ်ဖက်ကို ကိုင်လိုက်ရင်း သူ့မျက်နှာ အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်။..

မျက်နှာချင်းဆိုင်ရှိနေရာက သူ တွန်းထုတ်လိုက်ရမဲ့အစား အလန့်တကြား မျက်နှာလွှဲ လိုက်မိတော့ Soo က ခပ်ဖွဖွရယ်သည်။

သူ...

ဘာ လို့ တွန်းထုတ်လိုက်ဖို့ကို တွန့်ဆုတ်နေရတာလဲ..?

Time Travel Where stories live. Discover now