လိုက်ကာကိုဖောက်ထွက်လာတဲ့ နေရောင်ခြည်နွေးနွေးလေးတွေက Kyung Soo ရဲ့မျက်နှာပေါ်ကို လာရောက်ကျီစယ်နေသည်။ စားပွဲတင် နာရီဆီမှလည်း alarm သံက အဆက်မပြတ်။
"ဝါးး.."
Kyung Soo ထထိုင်လိုက်ကာ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးတွေကိုပွတ်ရင်း အညောင်းဆန့်လိုက်သည်။ ညကလည်း ဟို စာအုပ်ကို ဖတ်နေတာနဲ့ ညဥ့်နက်မှ အိပ်ဖြစ်သည်။ ဒီနေ့တော့ မပြီးသေးတဲ့ အလုပ်တွေ လုပ်ရဦးမယ်..
Samcheon ရဲ့ စကားကို တသွေမတိမ်း နားထောင်တတ်တဲ့ သူ..
Samcheon ရဲ့ တိုက်တွန်းချက်နဲ့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုတို့ကြောင့် webtoonist တစ်ယောက်ဖြစ်လာခဲ့သည်။
သိပ်ပြီး နာမည်မကြီးသေးပေးမဲ့ သူ့ကာတွန်းလေးတွေက လူသိသင့်သလောက်တော့ သိသည်။ တခါတရံ အပြင်ထွက်တဲ့အခါ "webtoonist Do Kyung soo မလား ? လက်မှတ်ထိုးပေးပါလား..? webtoon လေးတွေ အရမ်းကြိုက်တယ် သိလား..?" လို့ ပြောခံရတဲ့ အတိုင်းအတာလောက်ပေါ့။ရေချိုးခန်းသွားဖို့ အိပ်ရာပေါ်ကထရင်း အမှတ်တမဲ့ ခုံပေါ်မှာ တင်ထားတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ စာအုပ်လေးတအုပ်ဆီ သူအကြည့်တွေက ကျရောက်သွားသည်။
"ဟင့်အင်း.. မဖြစ်ဘူး။ ဒီနေ့တော့ အလုပ်လုပ်ရအောင်ပါ.. Kyung Soo ရယ်.."
ကုတင်ပေါ် ပြန်ထိုင်လိုက်ရင်း သူ့ကိုယ်သူ သတိပေးကာ ရေရွတ်မိသည်။ တကယ်မဖြစ်တာ.. ထိုစာအုပ်ကို ကိုင်လိုက်ရင် မနေ့ကလို ဘာအလုပ်မှ လုပ်ဖြစ်မှာ မဟုတ်..
နောက် သူ အကြည့်တွေကိုပြန်လွှဲလိုက်ပြီး အာရုံမစိုက်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ဘယ်လိုမှ မရ။
ရေချိုးခန်းကိုလည်း မသွားနိုင်.. ထိုစာအုပ်ကိုသာ ကြည့်ရင်း စိတ်က လွန်ဆွဲနေသည်။
နောက်ဆုံးတော့လည်း ထိုစာအုပ်လေးကို သူကောက်ကာယူလိုက်ပြီး ဖတ်မလို့ လုပ်ပြီးကာမှ ပြန်ချကာ ရေချိုးခန်းထဲကို ဦးတည်လိုက်သည်။ ဟုတ်တယ်လေ.. ဘာပဲဖြစ်ဖြစ်သူအရင် မျက်နှာသစ်မှဖြစ်မယ်။ မဟုတ်ရင် သူမျက်နှာသစ်ဖြစ်မှာမဟုတ်ဖူး.. ဘာလို့လဲဆိုတော့ ထိုစာအုပ်ကိုကိုင်ကာ ဖတ်လိုက်ပြီဆိုတာနဲ့ ချကိုမချချင်တော့တာ က ပြဿနာဖြစ်နေတာရယ်။ ဘယ်လောက်တောင်လဲဆို မနေ့က ညနေစာတောင် မစားဖြစ်ဘူး အဲ့စာအုပ်ကြောင့်..။
YOU ARE READING
Time Travel
FanfictionMe and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အတိတ်ကိုတဖန် ပြန်သွားခဲ့တဲ့ Kyung Soo သွေးအေး ရက်စက်ပြီး အရာရာကို ဦးနှောက်သုံးပြီးပဲ ဆုံးဖြတ်တတ်ပေမဲ့ အတွင်းစိတ်က နူးညံ့ပြီး ကလေးဆန်သူ Vampi...