25.Decision

162 23 2
                                    

"KAI"

သူ့ရှေ့ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ Kai ကို သူ လှမ်းအော်ခေါ်လိုက်သည်။ သို့သော် Kai ကလှည့်မကြည့်။ လှည့်မကြည့်သည့်အပြင် သူနဲ့ဝေးရာကိုသာ တရွေ့ရွေ့ ဆက်သွားနေလေသည်။

"KAI"

သူ အသံကိုမြှင့်ကာ ထပ်ခေါ်လိုက်သည်။ Kai က လှည့်မကြည့်ဘဲ ဆက်သွားနေဆဲ..
သူ Kai နောက်ကို ပြေးလိုက်မယ်လုပ်တော့ သူ့ခြေထောက်တို့က လှုပ်လို့မရ။ ဘယ်လိုအားထုတ်ပြီး လှုပ်ဖို့ကြိုးစားပါသော်လည်း သူ့ခြေထောက်တွေက လုံးလုံးလျားလျားကို လှုပ်လို့မရ။
တဖြည်းဖြည်းဝေးသွားတဲ့ Kai ကို ကြည့်ရင်း သူ့ရင်ထဲ ဝမ်းနည်းမှုတို့က တလှိုက်လှိုက်တက်လာသည်။

"KAI!!"

သူ အသံကို အမြင့်ဆုံးထိမြှင့်ပြီး ထပ်၍ အော်ဟစ်ကာ ခေါ်လိုက်တော့ Kai ကလှည့်ကြည့်လာသည်။ ထို့နောက် သူ့အား ခပ်ဖျော့ဖျော့ပြုံးပြလာသည်။
သူလည်း ပျော်ရွှင်စွာ အားကြိုးမာန်တက် ပြန်ပြုံးပြကာ သူ့ဆီသို့ ပြန်လာခဲ့ရန် လက်ယပ်ခေါ်လိုက်သည်။
ထိုအခါ Kai က ခေါင်းငြိမ့်ပြကာ သူ့ဆီသို့ တည့်တည့်မတ်မတ် တရွေ့ရွေ့နဲ့ ပြန်လျှောက်လာလေသည်။

သို့သော် သူဆီသို့ရောက်ရန် လမ်းတစ်ဝက်တောင် မရှိသေးခင်မှာ Kai အနောက်ကနေ Kai ကိုလှမ်း ခေါ်သော အသံခပ်ဖွဖွ ထွက်လာခဲ့သည်။ ထိုအသံက သူ့ဆီသို့ ဆက်မသွားရန် နောက်ပြန်လှည့်လာခဲ့ရန် Kai အားပြောနေသည်။
ထိုအသံကား သူ့ကို ခေါင်းကိုက်စေသည်။
အလိုလိုစိတ်တိုစေသည်။
သူအာခေါင်ပေါက်မတတ်အော်မှ လှည့်ကြည့်သော Kai က ထိုအသံကိုကျ ချက်ချင်းကိုလှည့်ကြည့်လေ သည်။ ထို့နောက် သူ့ကို ပြန်လှည့်ကြည့်သည်။ ထို့နောက် ထိုအသံထွက်လာရာဘက်ကို ပြန်ကြည့်လေသည်။
Kai ကိုကြည့်ရတာ ဘယ်ဘက်ကို သွားလို့သွားရမှန်းမသိ စိတ်ရှုပ်ထွေးနေသည့်ပုံ။

ဟိုဘက်က Kai အနောက်မှာဘယ်သူရှိနေလဲ ကို သူ သေချာမမြင်ရ။ အသံကတော့ မိန်းကလေး တစ်ယောက်အသံပင်။

"KAI လာခဲ့လေ ဆက်လာခဲ့"

သူ့အသံကြောင့် Kai က ဟိုဘက်ကိုငေးကြည့်နေရာမှ သူ့ကိုတစ်ဖန်ပြန်ကြည့်လာသည်။
ထို့နောက် Kai က ခေါင်းငုံ့သွားကာ စိတ်ရှုပ်ထွေးစွာ စဉ်းစားနေပုံရသည်။
ခဏအကြာမှာ Kai က ပြန်မော့လာပြီး သူ့ကိုလှမ်း ကြည့်လာသည်။
တုံ့ဆိုင်းနေတဲ့ Kai ကိုကြည့်ရင်း သူ အလွန်အမင်းဝမ်းနည်းလာပြန်သည်။
သူ့ကိုကြည့်လာတဲ့ Kai မျက်လုံးတွေထဲမှာလည်း တစ်ခုခုကို ဆုံးဖြတ်တော့မည့် အရိပ်အယောင်တွေကို တွေ့နေရသည်။ သို့သော် ထို Kai ရဲ့ ဆုံးဖြတ်ချက်ဟာ .. Kai ရဲ့ ရွေးချယ်မှုဟာ .. သူ ဖြစ်ပါ့မလား သူမသေချာပေ။..

Time Travel Where stories live. Discover now