9.Consequnces

1.2K 174 2
                                    

Kyung Soo နိုးလာတော့ ညနေတောင်အတော်စောင်းနေပြီ။
သိပ်မပွင့်ချင် ဖြစ်နေတဲ့ မျက်လုံးကို အလုပ်ပေးကာ အခန်းထဲ ဟိုကြည့်ဒီကြည့်လုပ်မိတော့ သူ့ရဲ့စာကြည့်စားပွဲပေါ်မှာ ပိတ်ကာထားထားတဲ့ စာအုပ်လေးတအုပ်။

ရှင်းရှင်းပြောရရင် Samcheon အခန်းထဲက တွေ့တဲ့စာအုပ်လေး။ အခုတလော အလုပ်တွေ ရှူပ်နေတာနဲ့ပဲ ထိုစာအုပ်လေးကိုတောင် မကိုင်ဖြစ်။ သူကုတင်ပေါ်က ထကာ စာကြည့်စားပွဲဆီသို့ ဦးတည်လိုက်သည်။
စာကြည့်စားပွဲကို ရောက်တော့ ရှေ့ကခုံကိုဆွဲလိုက်ကာ ထိုင်လိုက်ရင်း ထိုစာအုပ်လေးကို ဖွင့်ကြည့်လိုက်သည်။
စာအုပ်လေးက သူစရရချင်းကလိုပဲ ရှူပ်ထွေးနက်နဲဆဲပါ။ သူတမျက်နှာချင်းကို သေချာလိုက်ကြည့်ပေမဲ့လည်း ဘာကိုမှသေချာ နားမလည်ပါ။

သူ ဒီ စာအုပ်ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်က မှော်ဆန်တဲ့  မြို့လေးကို ရောက်လာတယ်..  ပြီးတော့ရော ? ပြီးတော့ သူဘာမှနားမလည်တော့။ Samcheon ကဘာလို့ သူ့ကို ဒီကိုရောက်လာစေတာလဲ ? သူ့မိဘတွေနဲ့ရော သက်ဆိုင်နေလား ?
တွေးလေတွေးလေ နက်နဲလာလေပါပဲ။

Kyung Soo စာမျက်နှာတွေကို လှန်ရင်း စာမျက်နှာတမျက်နှာကို လှန်လိုက်မိတော့ ထိုစာမျက်နှာမှာ Sketch လိုသဘောမျိုးနှင့် ပုံလေးတပုံဆွဲထားသည်။ ထိုပုံက Kyung Soo သိတဲ့လူတယောက်ပုံစံနှင့် အတော်တူနေသည်။ သို့သော် ရုတ်တရက်မို့လား မသိ။ Kyung Soo ဘယ်သူလည်းဆိုတာကို စဉ်းစားမရပါ။

"Soo ah !!"

အင်.. ဒါ Suho အသံမလား ? ဘယ်နှယ့် Suho က သူ့ကို အဲ့နာမည်ကြီးခေါ်နေတာတုန်း.။ စိတ်ညစ်လိုက်တာနော်။

"Soo !"

ချက်ချင်းလိုလိုပဲ အခန်းတံခါးပွင့်လာကာ Suho ကအခန်းထဲကို ဝင်လာသည်။

"အဲ့ဒီ နာမည်ကို အခုချိန်မှာ မခေါ်လို့ မရဖူးလား ?"

Kyung Soo က မျက်နှာကို မဲ့ရွဲ့ကာပြောတော့ Suho ကရယ်တယ်ဆိုရုံလေး ရယ်သည်။ ဟုတ်တယ်လေ။ မည်သို့ပင် ဆိုစေကာမူ ထိုနာမည်ကြီးက သူ့အတွက်တော့ မိန်းမဆန်လွန်းသည်။ Kai ကတော့ ဘယ်လိုမျိုး တွေးခေါ်ပြီး သူ့ကို အဲ့လိုမျိုးခေါ်စေလည်း မသိပေမဲ့ သူထိုနာမည်ကို လုံးဝမကြိုက်တာတော့အမှန်။

Time Travel On viuen les histories. Descobreix ara