23.A visit

598 103 6
                                    

ဒီနေ့မနက် နိုးကတည်းက သူ့ခေါင်းထဲကို ရောက်နေတာ မနေ့ညက Suho မေးတဲ့ ပြန်မှာလား ဟူသော မေးခွန်းပင်။ မနေ့ညကလည်း Suho က တိတိကျကျ ဘာအဖြေမှ ပြန်မပေးဘဲ သူ လျှော်ချခဲ့သည်။
သို့သော် နောက်တစ်ခါဆိုလျှင် တော့ အဲ့လိုလုပ်ဖို့ အဆင်မပြေ တော့ပေ..

သူ သက်ပြင်းသာ တွင်တွင် ချမိတော့သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့စိတ်ကို သူ အမြန်ဆုံး ဆုံးဖြတ်မှ ဖြစ်တော့မည်။

အခုလောလောဆယ်တော့ စောစောနိုးနေတာနဲ့ပဲ သူရော Suho ရော စားဖို့ မနက်စာ လုပ်နေခြင်းပင်..
Kai အိမ်မှာလည်း များသောအားဖြင့် လုပ်ပေးနေကြဆိုတော့ သူ့အတွက် အပန်းမကြီးတော့ပေ။

Suho ကတော့ မနိုးသေးဘူးထင်ရဲ့.. သူ ပြင်ဆင်ပြီးလို့မှ မနိုးရင်တော့ သွားနှိုးဦးမှပါ။

"Soo ? ဘာလုပ်နေတာလဲ ?"

"အမယ်လေး"

ရောက်နေကြောင်း အသံမပေးဘာမပေးနဲ့ အခုမှ ရုတ်တရက် ထပြီး အသံပြုသော Suho ကြောင့် သူ တော်တော်လေး လန့်သွားကာ အသံထွက် ယောင်ယမ်းလိုက်မိသည်။

"လန့်လိုက်တာကွာ မင်းကလည်း .."

"ဆောရီး ဆောရီး။ ငါကလည်း မင်းကို မီးဖိုထဲ တွေ့လိုက်ရတော့ အံ့သြသွားလို့ပါကွ။ အသံမပြုဘဲ လာတယ်ဆိုတာကလည်း မင်း မနိုးလောက်သေးဘူး ထင်လို့။"

သူပြောလိုက်တော့ Suho က ရယ်ကျဲကျဲလုပ်ရင်း ဖြေရှင်းချက် ထုတ်လေသည်။

"မနက်စာ လုပ်နေတာလေ.. ပေါင်မုန့်ကြက်ဥကြော်။"

ကြော်ပြီးတဲ့ ပေါင်မုန့်တစ်ချပ်ကို ပန်းကန်ထဲထည့်ပြီး Suho ကို လှမ်းပေးလိုက်သည်။

"ဒီလိုတွေ လုပ်ဖို့ မလိုပါဘူးကွာ ဒါပေမဲ့ ကောင်းကောင်းစားပါ့မယ် ဟီးဟီး"

Suho က စပ်ဖြီးဖြီးလုပ်ရင်း သူ့လက်ထဲမှ ပန်းကန်ကို လှမ်းယူလေသည်။ ထို့နောက် စားရန် ဧည့်ခန်းဘက်ဆီသို့ ထွက်သွားလေသည်။

ကျန်နေတဲ့ ကြော်ပြီးသား ပေါင်မုန့်နောက်တစ်ချပ်ကို သူ့အတွက်သူ ပန်းကန်ထဲထည့်ကာ သူလည်း Suho နောက်ကလိုက်သွားလိုက်သည်။

Time Travel Where stories live. Discover now