15.What to do?

628 87 21
                                    

Kyung Soo စိတ်နဲ့ကိုယ်နဲ့ ကပ်တာ နှင့် တပြိုင်နက် Kai ရင်ခွင်ထဲကနေ ခပ်ဖွဖွ ရုန်းထွက်လိုက်မိသည်။..
သူ သတိလက်လွတ် ငိုနေမိတာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလည်း သူ မသိ။..

"တောင်း..တောင်းပန်ပါတယ်။"

သူ ပါးပြင်ပေါ်က မျက်ရည်တွေကို ခပ်မြန်မြန်သုတ်ကာ ပြောရင်း Kai ကို မော့ကြည့်လိုက်မိသည်။
Kai ကတော့ သူ့ကိုကြည့်မနေ..။
သူ့ကိုကျော်ကာ အနောက် အဝေးတစ်နေရာကို ကြည့်နေဟန်ရသည်။..

"မင်း က ဘာလို့ တောင်းပန်တာလဲ ?"

Kai အသံထဲမှာ ဒေါသသံအနည်းငယ် ပါသည်။
မထင်မှတ်ထားတဲ့ စကားတစ်ခွန်းမို့ သူ့မှာ ဖြေစရာ အဖြေမရှိ။

"မင်း အမှား မို့လို့လား ?"

Kai က အဝေးကိုကြည့်နေရာမှ သူ့ကို ကြည့်လာသည်။
Kai အသံထဲမှာ ဒေါသတွေကို ခံစားလို့ရနေတုန်း။
သူ Kai ကို ကြောင်၍သာ ကြည့်နေမိသည်။
Kai ဘာတွေ ဖြစ်နေလဲ သူ သိပ် နားမလည်ပါ..
သူ တောင်းပန်လိုက်လို့ Kai စိတ်ဆိုးသွားတာလား..?

"Tsk.. လာ အိမ်ထဲလိုက်ခဲ့။"

Kai က မျက်နှာလွှဲလိုက်ကာ သူ့ဆံပင်ကို လက်ဖြင့် ခပ် ကြမ်းကြမ်း ဖွလိုက်သည်။
ထို့နောက် သူ့ကို မျက်မှောင်ကြုတ်ကာ ပြန်ကြည့်ပြီး သူ့လက်ကောက်ဝတ်ကို ဆွဲကာ အိမ်ထဲသို့ ဦးတည်နေသည်။
သူကတော့ တိတ်တဆိတ်ပဲ Kai နောက်ကနေ လိုက်ပါလာ မိတော့သည်။
~^~^~^~^~
ကိုယ့်ဟာကိုယ် လုပ်ပါ့မယ်လို့ ပြောကာ အတန်တန်တား ပါလျက် Kai က သူ့ကို Kai အလုပ်လုပ်နေကျ စာကြည့်ခန်းထဲမှာ ထိုင်စေကာ ဆေးဘူးသွားယူပြီး သူ့လက်ကို Kai ကိုယ်တိုင် ဆေးထည့်ပေးရန် လုပ်နေ သည်။

"သခင်လေး.. ရပါတယ် ကျွန်တော့်ဟာ ကျွန်တော် လုပ်ပါ့မယ်.."

သူ နောက်ထပ်တစ်ခေါက် ထပ်တားလိုက်သည်။
တားသာတားနေရတယ်.. Kai က ရပ်မဲ့ပုံမပေါ်။
သူ့ကိုလည်း ဘာမှပြန်မပြော။
သူ့လက်ကိုသာ သေချာကြည့်နေပြီး သူ့လက်ပေါ်မှာ စိုက်နေတဲ့ ဖန်စ တွေကိုသာ ဆွဲထုတ်ရန် ပြင်ဆင်နေသည်။

ဖန်ကွဲစတွေကို ကိုင်ထားရင်းက လက်ကို ညစ်လိုက် ခြင်း ခံလိုက်ရတာ ဆိုတော့ သူ့လက်ပေါ်မှာ ဖန်စ တော်တော်များများ စိုက်သွားတာ အံ့သြစရာတော့ မဟုတ်။

Time Travel Where stories live. Discover now