* စင်ဒရဲလားက ဘာလို့ အဲ ရှိန်းက ဘာလို့ အတန်းရှေ့က ဖြတ်သွားတာလဲ *

အဲ ရှိန်း လို့ခေါ်လိုက်မိပြန်တာလား ?

ဟာ ကျွန်တော် ဘာတွေ ဖြစ်နေတာလဲ ။

* အဲ့တာ အထီးပါဆို စိတ်ထိန်းစမ်း ညီမင်းယံ ! *

ထူးဆန်းသည် ...  ရှိန်းထက်နိုင်ကို တွေ့တိုင်း မျက်လုံး အကြည့်က သူ့ဆီက ခွာလို့မရတော့ ။ မျက်လုံးချင်း ဆုံရင် သူ့အကြည့်တွေက သိပ်ကို အင်း တစ်မျိုးကြီး ... အဲ့တာကြောင့် ကြောက်လို့ ရင်ခုန်တာဖြစ်မှာပါ ။

"မင်း ... မင်း ဟေ့ကောင် ညီမင်းယံ မင်း ဟိုနေ့က စင်ဒရဲလားကို ကြွေသွားတာများလား ? "

"အာ သန့်စင် ! မင်းဘာတွေပြောနေတာလဲ
ပေါက်တကရတွေ ငါက straight ကွ သူတောင်းဇားရဲ့ "

"မင်းအဲ့အကိုကြီး အတန်းရှေ့က ဖြတ်သွားတာကို လိုက်ကြည့်နေတာ မျက်လုံးတောင် ကျွတ်ကျတာ့မယ်ကို "

"တော်စမ်းကွာ ဆရာမလာပြီ တိတ်တော့ "

"အေးပါကွာ လက်ပူးလက်ကြပ်မိလို့ကတော့ မင်းမလွယ်ဘူးမှတ် "

"ကျွတ်စ် "

ဟာ ဒုက္ခပါပဲ ... သန့်စင်ဆိုသည့် ကောင်က လူအကဲခတ် သိပ်တော်တာ ။

ချက်ချင်းကို ရိပ်မိတာ .... အဲ မဟုတ်သေးပါဘူး ။

ရိပ်မိတယ်ပြောရအောင် ကျွန်တော်က သူ့ကို ကြိုက် ...ကြိုက်.... ဟာကွာ ဖြစ်စရာလား !

ကျွန်တော် ဘာတွေ တွးမိနေတာပါလိမ့် ။ မဖြစ်နိုင်တာ ။ ကျွန်တော် ကြိုက်တာ Yoon Eun Hye လို type မျိုးပါ ။

" ငါ မမကိုပဲ ချစ်တာ သေချာတယ် !
ဆက်မတွေးနဲ့တော့ ညီမင်းယံ "

》》》》》》》》》》》》》》

ကန်တင်းမှာ စားသောက်ပြီး သကာလ ...

"ညီမင်းယံ မြန်မြန်စား paper ချိန်တတ်ရဦးမယ် "

"ခြည် ရာ ဖြေးဖြေးပေါ့ အေးဆေးမှဝင်ကြမယ်လေ တော်ကြာ စာတွေသင်နေရဦးမယ် "

"ကျမှာ နင်က "

"ငါကျရင် နင်လည်းမအောင်ဘူး "

"shit "

"အရိုင်းအစိုင်းမ "

ခြည် ဆိုတာကတော့ စိတ်ကုန်ဖို့ အကောင်းဆုံး bff တွေထဲက တစ်ယောက် ။

Destiny Where stories live. Discover now