အပိုင်း(၄၆)

21.8K 1.8K 143
                                    

ဆေးရုံအခန်းတံခါးကိုဖွင့်ဖွင့်ခြင်းမြင်လိုက်
ရတာက ကုတင်ပေါ်မှာလဲလျောင်းလျက်
အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ကောင်လေး
တစ်ယောက်နဲ့ကုတင်ဘေးကခုံပေါ်မှာတော့
ထိုင်လျက်သားနဲ့ခေါင်းမှီပြီးအိပ်နေတဲ့
ဟိန်းတေဇပိုင်။

ဘာစကားသံမှထွက်မလာမိအောင်တားဆီး
လိုက်သည်က တစ်ယောက်လက်ကို
တစ်ယောက်ဆုပ်ကိုင်ထားကြတဲ့မြင်ကွင်း။

မနက်ခြောက်နာရီခွဲဆိုတော့ကိုယ်လာမိလိုက်
တဲ့အချိန်ကအရမ်းကိုစောသွားတာလား။
ဒါမှမဟုတ် တစ်ညလုံးအလွမ်းသယ်နေ
ကြလို့များအိပ်မပျော်နိုင်ဖြစ်နေကြလို့
လူဝင်လာတာမသိတဲ့အထိမနက်မှအိပ်ပျော်
သွားကြတာလား။မျက်စိရှေ့ကမြင်ကွင်းကို
မျက်နှာလွှဲ၍ဘာကိုမှမတွေးချင်တော့ပါ။

တိတ်တဆိတ်ထွက်သွားဖို့ခြေလှမ်းပြီးမှ
ကုတင်ပေါ်ကကောင်လေးကိုပြန်ကြည့်မိတော့
နှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်စက်လို့နေသည်။
ငါမင်းအပေါ်ငယ်ငယ်ထဲကထားခဲ့တဲ့သံယော
ဇဉ်ကနောက်မှရောက်လာခဲ့တဲ့ကောင်ကို
မမှီခဲ့ဘူးပဲ။ဆုံးရှုံးရမှတန်ဖိုးထားရမှန်းသိတဲ့
အချိန်ငါကအရမ်းကိုနောက်ကျသွားခဲ့ပြီ။

အခန်းတံခါးကိုအသံမထွက်အောင်ဖြည်းဖြည်း
ခြင်းဆီပိတ်ပြီးခြေလှမ်းတွေကိုလာရာလမ်း
အတိုင်းနောက်လှည့်ပြန်လာခဲ့ရသည်။
မင်းရဲ့ကောင်းခြင်းဆိုးခြင်းအရာအားလုံးကို
လက်ခံနိုင်တဲ့မင်းကိုတန်ဖိုးထားပြီးချစ်တဲ့
သူဆီမှာပျော်ရွှင်ပါစေ ငါ့ရဲ့ညီလေး။
မင်းပျော်နေမှာပါ။

"မနက်အစောကြီးဘယ်သူ့ဆီသွားတာလဲသား"

ခြံထဲကိုကားဝင်လာတာနဲ့အိမ်ရှေ့ထွက်စောင့်
နေတဲ့အမေ့ကိုတွေ့တော့ထိန်းထားသမျှပြို
လဲရသည်။

"အမေမေးတာကိုဖြေလေ ဘယ်သူ့ဆီသွား
တာလဲ သားငယ်လေးဆီလား။အဲ့တာဆို
ဘာလို့ခဏလေးနဲ့ပြန်လာတာလဲ"

"ထက်မြတ် ကျွန်တော့်ကိုမလိုအပ်တော့ဘူး
အမေ။အခုမလိုအပ်တော့ဘူး"

"ဘာဖြစ်လာတာလဲသားရယ် အမေ့ကိုရင်ပူ
အောင်လုပ်နေတာလား။သားငယ်လေးက
သားကိုငယ်ငယ်ထဲကဒီလောက်ချစ်တာ
ဘာလို့မလိုအပ်ရမှာလဲ"

တိမ်တိုက်၌ဖြစ်တည်သောحيث تعيش القصص. اكتشف الآن