"သား သင်တန်းသွားတော့မယ်နော်မေ"
"ဒီကိုတစ်ချက်လာခဲ့အုံးသား။အဖေကသားကို
ပြောစရာရှိလို့တဲ့ ဒီနားမှာလာထိုင်"ဧည့်ခန်းထဲမှာအဖေပါရှိနေတော့အမေ့ကိုပဲ
မြန်မြန်နှုတ်ဆက်ပြီးအပြင်ထွက်ဖို့ခြေလှမ်းနေတာ။အမေကလှမ်းခေါ်တော့သတင်းစာဖတ်နေတဲ့အဖေ့ကိုမရဲတရဲလှမ်းကြည့်ပြီးဧည့်ခန်းထဲ
ခေါင်းငုံ့ဝင်လာခဲ့ရသည်။အမေ့ဘေးမှာကျုံ့ကျုံ့လေးဝင်ထိုင်ရင်းအဖေ့ရဲ့
မျက်နှာအရိပ်အခြေကိုကြည့်ရသည်။အဖေ
စကားပြောဖို့ကိုသတင်းစာဖတ်ပြီးသည်အထိ
စောင့်ရမှာပါပဲ။ခဏကြာမှအဖေကသတင်းစာ
ကိုပိတ်လိုက်ပြီးလှမ်းကြည့်တော့အဖေမမြင်
အောင်အမေ့ကိုယ်အနောက်ကွယ်ပြီးတိုးကပ်
နေမိသည်။အေးစက်နေသည့်လက်များကို
အမေကလာရောက်ဆုပ်ကိုင်ထားပေးတော့
အမေ့လက်များမှအားအင်တွေကိုရရှိလာသည်။"ထက်မြတ်ထည်ဝါ အခုမင်းဘယ်သွားမလို့လဲ"
"အဖေမေးနေတာဖြေလိုက်လေသား"
"သင် သင်တန်းသွားမလို့ပါဖေ"
"မင်းကိုပြောမနိုင်လို့ကြည့်နေတာကြာပြီ။
ဘာတဲ့tourist guide လုပ်မယ်ဟုတ်လား။
ကျောင်းပြီးတော့လဲသင်တန်းတွေတက်နဲ့
အခုထိဘာတစ်ခုဖြစ်မြောက်အောင်လုပ်နိုင်
ပြီလဲ။မိဘတွေလုပ်ငန်းကိုဝင်လုပ်ပါဆိုတော့ဝါသနာမပါလို့မလုပ်ချင်ဘူး။ငါတို့မျိုးရိုးက
သားစဉ်မြေးဆက်သူများကိုပဲခိုင်းလာတာ
ငါ့သားကသူများခိုင်းတာလုပ်ရမဲ့ကောင်
မဟုတ်ဘူး""ဖေကြီးရယ် ကလေးကိုအဲ့လိုမပြောပါနဲ့။
သားဝါသနာပါတာကိုပဲလုပ်ပါစေ""မင်းတိတ်တိတ်နေကေသီ။ငါ့သားကိုငါဆုံးမနေတာ ဒီတစ်ခါဝင်မပါနဲ့"
သတင်းစာကိုစားပွဲပေါ်ခပ်ကြမ်းကြမ်းပစ်တင်
လိုက်တဲ့အဖေ့ကိုကြည့်ရင်းအမေ့လက်ကို
ပို၍ဆုပ်ကိုင်ကာကြောက်ရွှံ့နေမိပြီ။အဖေ့ဒေါသ
ထွက်ရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာအသိဆုံးပါ။"နေမကောင်းဘူးဆိုလို့မင်းအဖေကဘာမှမပြော
ပဲနေနေတာအကောင်းမှတ်နေလား။ဒီရက်ပိုင်း
အပြင်တွေတအားထွက်နေတာမင်းဘယ်ကို
ခြေလှမ်းလှမ်းနေတာလဲ"