""မင်းဘာဖြစ်သွားသေးလဲ""
""ဘာကိုလဲ။ငါက ဘာဖြစ်ရမှာလဲ""
""ငါပြောချင်တာ ။ကျစ်…ဟိုဟာ တစ်ခြားဘာမှ
မဖြစ်ဘူးမလား""""ဟင်အင်း…ဘာ ဘာကိုဖြစ်ရမှာလဲ။
အကောင်းကြီး။ငါနေကောင်းပါတယ်""ဘာမှနားမလည်သလိုမျက်ဝန်းအကြည့်တွေ
က ပကတိဖြူစင်နေသည်။တစ်ဖက်မှာစိတ်အေးသွားသော်လည်း အလောကြီးတဲ့စိတ်နဲ့မေးလိုက်မိတာ ထက်မြတ်ကအဓိပ္ပါယ်နားမလည်သေး။
မေးမိတဲ့ကိုယ့်ကိုကိုယ်အပြစ်လိုပြန်ခံစားမိစေ
တယ်။ဆုပ်ကိုင်ထားတဲ့လက်တွေထဲအေးစက်လာတာ
ကသူ့လက်။သူ့ဖက်ကဘဲအားထည့်ကာဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်ကိုပိုပြီးတင်းကျပ်အောင်ဆုပ်ကိုင်လိုက်သည်။""အိမ်ကိုအရင်ပြန်ကြမယ် ""
ပြုံးယောင်သမ်းနေသည့်မျက်နှာလေးမှာ
ချက်ချင်းငြိမ်ကျပြီးနှုတ်ခမ်းပါးထက်အပြုံးတို့
ပျောက်ကွယ်သွားသည်။""အိမ်ပြန်မယ်…ဘယ်အိမ်ကိုပြန်ရမှာလဲ""
""ဘယ်အိမ်ကိုပြန်ရမှာလဲ… မင်းအိမ်ကိုပေါ့""
""ငါ့အိမ်။ငါ့အိမ်ကိုပြန်မယ် ဟုတ်လား ""
"""ထက်မြတ်"""
နားမလည်သလိုအကြည့် မျက်ဝန်းတွေ။ဒီ
မျက်ဝန်းတွေအကြည့်တွေကို ဖတ်တတ်
အောင်ကြိုးစားနေရင်းမှ အကြည့်လွှဲပြီး သတိရသွားသလိုချက်ချင်းအနောက်လှည့်ကြည့်ရန်
ကြိုးစားနေသူကိုပုခုံးကနေကိုင်ပြီးပြန်လှည့်
ှစေလိုက်သည်။အလိုမကျသလိုရုန်းကန်မှု။""ခဏလေး ။ဟိန်း…ဟိန်းပိုင်ရော ""
""လှည့်မကြည့်နဲ့ ထွက်သွားပြီ။
ငါတို့အိမ်အရင်ပြန်ကြမယ် """"ဘယ်ကိုထွက်သွားတာလဲ။ငါ့ကိုဘာမှမပြောသွားဘဲဘယ်ကိုထွက်သွားတာလဲ""
""ထက်မြတ်""
အရိပ်တောင်မကျန်တော့တဲ့သူကိုနောက်
လှည့်ကြည့်၍မပြတ်။လေသံနည်းနည်းမာသွားတဲ့နောက် ခပ်ကြမ်းကြမ်းဆွဲဖြုတ်လိုက်တဲ့လက်တစ်ဖက်။ဘယ်တုန်းကမှသူ့အပေါ်မလုပ်ဖူးတဲ့အပြုအမူမို့လို့ရုတ်တရက်အံ့သြနေတဲ့စိတ်နဲ့မှင်သက်လျက်သား။