အခန်းအပြင်ကနေတံခါးခေါက်သံအဆက်မပြတ်
လာနေသည်မို့နားပိတ်ရင်းစောင်ကိုခေါင်းထိ
ဆွဲခြုံပြီးအိပ်နေသော်လည်းကြာလာတော့နေလို့
မရတော့။မနက်အစောကြီးဘယ်သူလာနှိုးနေတာလဲ။
အမေလား။မျက်လုံးတွေမပွင့်တစ်ပွင့်နှင့်စောင်ပုံ
ထဲကအားတင်းထပြီးစားပွဲပေါ်ကနာရီကိုကြည့်
လိုက်တော့မနက်ခြောက်နာရီခွဲခါနီးကိုပြနေ
တယ်။ဘယ်သူအစောကြီးလာနှိုးတာလဲ။ကုတင်ပေါ်ကနေမျက်လုံးတွေမှိတ်ပြီး
စမ်းတစ်ဝါးဝါးဆင်းရင်းအခန်းတံခါးကိုဖွင့်လိုက်
တော့ မြင်လိုက်ရတာအိမ်ကထမင်းချက်ဒေါ်ကြီး။"အစောကြီးဘာဖစ်လို့လဲဒေါ်ကြီး"
"အဘစိုင်ကသားနဲ့စကားပြောချင်လို့တဲ့။
လှေကားထိပ်မှာစောင့်နေတယ်"တော်ရုံအိမ်ပေါ်ထပ်မပြောနဲ့အိမ်မကြီးကိုတောင်
မလာပဲဂိုဒေါင်မှာပဲနေတတ်တဲ့ဘစိုင်ကဘာ
ကိစ္စရှိလို့လဲ။အခန်းပြင်မြန်မြန်ထွက်တော့
ချိုင်းထောင့်နဲ့လှေကားထိပ်မှာရပ်စောင့်နေတဲ့
ဘစိုင်ကအရေးကြီးနေတဲ့ပုံ။"ဘာကိစ္စရှိလို့လဲအဘ"
"သားကိုခြံအပြင်မှာဟိုကောင်လေးမနက်
အစောကြီးလာစောင့်နေတယ်""ဘယ် ဘယ်ကကောင်လေးလဲအဘ"
"ဟိုကောင်လေးလေ။သားနဲ့အတူတူကျောင်း
လာတက်သွားတဲ့ကောင်လေး"အိပ်ငိုက်ငိုက်နဲ့မှေးစက်နေတဲ့မျက်လုံးတွေက
အထိတ်တလန့်ပြူးကျယ်သွားရတယ်။"သားရယ် သူငယ်ချင်းကိုဘယ်လောက်ပဲ
စိတ်ဆိုးဆိုးဒီလိုတော့မလုပ်သင့်ဘူးလေ။
ထွက်တွေ့လိုက်ပါသားရယ်။အဲ့ဒီကောင်လေး
ကကျောင်းပြီးတော့အိမ်ကထွက်သွားထဲက
ညဘက်တွေအိမ်ရှေ့မှာသားကိုလာထိုင်စောင့်
နေတတ်တယ်။တစ်ခါတစ်လေဆိုညနက်တဲ့
အထိပဲ။အဘဖြင့်ဘာပြောရမလဲတောင်မသိ
တော့ဘူး။အရွယ်တစ်ခုလဲရောက်လာကြပြီ
ဆိုတော့သားတို့စဉ်းစားတတ်ကြမှာပါ""ဗျာ အိမ်ကိုအမြဲလာပြီးစောင့်နေတယ်
ဟုတ်လားအဘ။သားဆီကိုလား"