အပိုင်း(၄)

26K 2.4K 32
                                    

ဒီနေ့ကသူတို့ကျရာအသင်းဖြစ်တော့
ပြည့်ဖြိုးနဲ့ မနက်စောစောကျောင်းလာရသည်။
ကျောင်းတံခါးဖွင့်ခါစပင်ဖြစ်သောကြောင့်
ကျောင်းဝင်းထဲမှာကျောင်းသားကျောင်းသူ
တွေသိပ်မရှိသေး။အချိန်ကစောသေးတာလဲ
ပါမည်။

စကားတစ်ပြောပြောနှင့်စက်ဘီးကိုထားပြီး
နှစ်ယောက်သားကျောင်းအဆောင်
ဆီဖြည်းဖြည်းလျောက်လာကြသည်။ကျောင်းဝင်း
ထဲမှာကမနက်စောစောဆိုတော့အရာရာတိတ်
ဆိတ်ငြိမ်သက်နေတော့တယ်။တဖြည်းဖြည်းနဲ့လျောက်လာတာ အပေါ်ထပ်ထိတက်ပြီးအခန်းနားကိုရောက်နေပြီ။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ခြေလှမ်းတွေရုတ်တရက်ရပ်တန့်သွားတယ်။ဟိုကောင်လေး။ဘဝင်ရူးလေးနဲ့သူနဲ့ပေါင်းတဲ့
ecoခန်းကကောင်အတန်းရှေ့မှာ စကားပြော
နေတာ။

တေဇခြေလှမ်းတွေကိုဆက်မလျောက်ဘဲ
ရပ်တန့်နေမိတယ်။ecoခန်းကကောင်ကိုကြည့်
ပြီးစကားတစ်ပြောပြောနဲ့ရယ်နေလိုက်တာက
ကလေးလေးတစ်ယောက်လိုပဲ။သူ့ကိုအော်
ဟစ်ခဲ့တဲ့ဘဝင်ရူးလေးမှဟုတ်ပါရဲ့လား။

""ဟေ့ကောင် တေဇသွားမယ်လေ။
ဘာရပ်နေတာလဲ""

ပြည့်ဖြိုးလက်မောင်းကိုလာပုတ်မှ
အသိစိတ်ကဝင်လာတော့တယ်။ဘာလို့များ
ဒီနှစ်ယောက်ကိုရပ်ကြည့်နေမိတာလဲ။ကိုယ်နဲ့
လဲမဆိုင်ပါပဲနှင့်။

အခန်းနားရောက်လာတာမြင်တော့
ecoခန်းကကောင်ကဘဝင်ရူးလေးရဲ့ခေါင်းလုံးလုံးကဆံပင်လေးတွေက်ုဆွဲဖွလိုက်တယ်။
ခေါင်းလုံးကလဲငြိမ်ခံနေတာအခုတော့မခုတ်
တတ်တဲ့ကြောင်လေးကြလို့။သူ့ကိုတော့
ခြေသည့်လက်သည်းတွေအကုန်ထုတ်ပြီးဆော်ထည့်တာ။ထောင်းခနဲဒေါသထွက်သွားတာဘာဖြစ်လို့မှန်းမသိ။ကိုယ့်အခန်းကကောင်တွေနဲ့ကျတော့စကားတစ်ခွန်းမှမပြောဘဲဒီကောင်နဲ့ကျတော့
ဘယ်လောက်တောင်ရင်းနှီးလို့များလဲ။

"သွားပီးနော်။တစ်ခုခုဆို ဟိုဘက်အခန်းကိုလာခဲ့"

ဘာလားဒီကောင်။မှာနေတဲ့ပုံကအခုမှ
ကျောက်းစတက်တဲ့ကလေးကြလို့။
ဟိုဘဝင်ရူးကလဲ ငြိမ်ခံနေပြီး
ခေါင်းတောင်ငြိမ့်နေသေးတယ်။
ecoခန်းကကောင်ကသူတို့အတန်းဘက်
ပြန်ထွက်သွားပြီ။ဘဝင်ရူးကောင်ကလဲဟိုကောင်
ထွက်သွားပြီးသူ့အခန်းထဲရောက်သွားတဲ့အထိကို
ကြည့်နေသေးတယ်။ပြီးမှကျော်ပိုးအိတ်ကို
သေချာပြင်လွယ်ပြီးသူ့အတန်းဆီက်ု
လျက်သွားတယ်။လူကအကောင်သေးသေးလေး
အနောက်ကကျောပိုးအိတ်ကစာအုပ်တွေဘယ်
လောက်တောင်ထည့်ထားလဲ လူကပျောက်နေပြီ။
မြင်မကောင်း။စာဂျပိုးတွေများကြည့်ရတာပင်ပန်း
လိုက်တာ။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now