အပိုင်း(၅)

23.9K 2.2K 15
                                    

ကားရပ်လိုက်သည်နှင့်ကားတံခါးကိုအထဲကနေ
ဖွင့်လိုက်တော့မြင်လိုက်ရတဲ့မျက်နှာလေးက
ပြုံးလို့ရယ်လို့။ဇွဲခန့် သူပါလိုက်ရယ်မိသည်။

လွယ်ထားတဲ့ကျောပိုးအိတ်ကြိုးကိုခပ်တင်းတင်းဆွဲကိုင်ပြီးသူဖွင့်ပေးတဲ့ကားထဲကိုပြေးဝင်လာ
သည်။ကိုးတန်းရောက်လာလို့သူသာအရပ်မြင့်
ပြီးလူကောင်ကကြီးလာတယ်။ထက်မြတ်က
အခုထိကလေးသူငယ်ပုံစံလေး နဂိုကလေးမျက်နှာ
လေးကပိုပြီးတောင်နုဖတ်လာတယ်။

""အိမ်ထဲမှာမစောင့်နေဘူး။လွယ်အိတ်ကအလေး
ကြီးအထဲမှာစောင့်နေ  ငါရောက်လာရင်အိမ်
ထဲကိုဝင်ခေါ်မှာပေါ့ ""

""ဟင်အင်း ။ရပါတယ် ငါ့ကိုဝင်ခေါ်နေရတာနဲ့
မင်းစိတ်မရှည်မှာစိုးလို့""

""ထက်မြတ် …ငါကဒီလောက်လေးကိုစိတ်မရှည်စရာလား။မင်းအိမ်ကိုမရောက်တာကြာပြီ။
ကျောင်းပိတ်တဲ့နေ့လာခဲ့အုံးမယ်""

"""တစ်ကယ်လား ။မင်းငါ့ဆီလာမလည်တာ
ကြာပြီနော် ။ငါတစ်ယောက်ထဲအိမ်မှာပျင်းလို့
သေတော့မယ်။တစ်နေ့တစ်နေ့အခန်းထဲမှာပဲ
စာဖတ်လိုက် အိပ်လိုက်နဲ့ဘယ်မှမသွားရဘူး""

ဆူပုတ်ပုတ်ပြောနေတဲ့ကောင်လေးကတစ်ကယ်
ကိုကိုးတန်းရောက်နေပြီဆိုတာမယုံနိုင်စရာ။

""အင်းပါ ။ငါကျောင်းပိတ်တဲ့နေ့ လာခဲ့မယ်။
မင်းငါ့ကိုစာရှင်းပြ။မင်းအဖေနဲ့အမေကိုလဲမတွေ့
ရတာကြာပြီ။လာခဲ့မယ်""

""ငါ့အဖေနဲ့အမေ ဆုံးမစကားထိုင်ပြောရင်
မင်းအိပ်ငိုက်နေပြီးတော့များ။အာ့ကြောင့်
အိမ်မလာချင်တာမလား""

""ဒီကောင်လေးကတော့လေ""

မနာအောင်ခေါင်းလေးကိုထုလိုက်သည်ကို
ပင်သဘောတကျရယ်နေတော့မျက်နှာနုနု
လေးက်ုငေးကြည့်မိရသည်။ ခေါင်းကဆံပင်လေး
တွေကိုဆွဲဖွလိုက်တော့ဆံပင်ပုံပျက်သွားပေမဲ့
မလုပ်နဲ့မပြောငြိမ်ခံနေတဲ့ကောင်လေးကို
အသဲယားစွာ ဆံပင်လေးတွေက်ုပိုဖွလိုက်မိသည်။

ရယ်နေပြီးတော့သာပျော်နေသည်။အင်းလေ
ကျောင်းအတူတူသွားဖို့က တစ်အိမ်နဲ့တစ်အိမ်က
ဝေးသည်။ထက်မြတ်အိမ်ကတော့ကျောင်းနဲ့နီး
တယ်။သူကလာခေါ်ချင်ပေမဲ့ ကျောင်း
တစ်ခါသွားရင်အိမ်ကအကူတွေကအစသေချာ
ထည့်ပေးတဲ့ထက်မြတ်မိဘတွေကသူတို့သား
ကိုကားနဲ့သေချာလိုက်ပို့သည်။ဒီနေ့တောင်
မောင်ထက်မြတ်လေး ဘယ်လောက်ခွင့်တောင်း
ခဲ့ရလဲမသိဘူး။ပျော်နေတာ ။ကျောင်းကိုလွတ်
လွတ်သွားချင်တဲ့ ထက်မြတ်ကအိမ်ကထမင်း
ချိုင့်ဆွဲပေး ထီးမိုးပေးတဲ့အကူတွေနဲ့ကျောင်း
သွားရင်စိတ်ရှုပ်ပေမဲ့သူ့မိဘတွေကိုမှမလွန်ဆန်နိုင်တာ။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now