အပိုင်း(၈)

20.6K 2.1K 91
                                    

အရောင်အသွေးအစုံအလင်ပွင့်ဖူးနေသော
ပန်းများက မိုးရာသီဖြစ်သဖြင့် စိမ်းစိမ်းစိုစိုနှင့်
မွှေးရနံ့ကလဲပန်းခြံထဲမှာသင်းပျံ့နေသည်။

""ကြီးမေဒီမြေကြီးတွေဒီဘက်ကပန်းအိုးတွေ
ထဲထည့်ရမှာလား""

""ဟုတ်တယ်သား…ပီးရင် ပန်းအိုးအလွတ်
ထဲထည့်ပေး""

""ကြီးမေကသူ့ကိုဘေးနားကပန်းအိုးတွေဆီလက်ညှိုးထိုးပြပြီးပန်းပင်မှမလိုသောအရွက်တစ်ချို့ကိုကတ်ကြေးနဲ့ညှပ်ဖြတ်နေသည်။
ပေါက်ပြားသေးသေးနဲ့ မြေကျက်တွေကို
ကလော်ပြီးပန်းအိုးထဲကိုကြုံးထည့်လိုက်သည်။

ကြီးမေရဲ့ပန်းခြံလေးက ပန်းအမျိုးစုံသည့်ပင်
လှလွန်းလှသည်။သူတို့ရပ်ကွက်မှာလဲနမယ်
ကြီးသည့်အပြင်လာဝယ်သူတွေများလှသည်။
စိတ်ပြေလက်ပျောက်နဲ့ညနေပိုင်းရပ်ကွက်ထဲ
စက်ဘီးလျှောက်စီးရင်းလမ်းမှာကြီးမေတစ်ယောက်ထဲ ပန်းပင်တစ်ပုံတစ်ပင်မနိုင်မနင်း
ဖြစ်နေတာမြင်လို့ပန်းပင်တွေကိုစက်ဘီး
ပေါ်တင်ပြီးအိမ်ထိယူလာပေးဖြစ်သည်။တစ်ရပ်
်ကွက်ထဲအိမ်နီးနားချင်းဖြစ်သလိုသူ့ကိုငယ်ငယ်လေးထဲကစောင့်ရှောက်ပေးခဲ့သောကြီးမေနှင့်
တော့ရင်းနှီးတာထက်ကိုပိုသည်။ပန်းခြံလေးရောက်တာ့မပြန်ဘဲအလုပ်တွေပါဝိုင်းလုပ်
ပေးနေမိသည်။

""သားအခု ဘယ်နှစ်တန်းရောက်ပြီးလဲ""

""ကိုးတန်း… ကြီးမေ""

""အေအေ စာကြိုးစား အတန်းထဲမှာရောစာလိုက်နိုင်ရဲ့လား။ငယ်ငယ်တုန်းကလိုမဆိုးနဲ့ကျောင်းမှာရန်မဖြစ်နဲ့တော့မင်းအဖေကရောအရက်တွေသောက်တုန်းပဲလားကွယ်…ဟင်း""

တီ တီ !!!

အိမ်ရှေ့ကထွက်လာတဲ့ကားဟွန်းသံက
ကျယ်လောင်စွာ။

""အိမ်ရှေ့မှာ ပန်းလာဝယ်တာလားမသိဘူး။
ကြီးမေထွက်ကြည့်လိုက်အုံးမယ်အဲ့တာတွေပီး
ရင်တော်ပီနော် သားအိမ်ပြန်ပြီးစာကျက် ကိုးတန်းကလဲအရေးကြီးတယ်""

ကြီးမေကပုခုံးကိုပုတ်လျက်အိမ်ရှေ့
ကိုထွက်သွားသည်။ ကြီးမေပြောမှသတိရမိ
သည်။ကျောင်းတွေပျက်သည့်အပြင်ယောင်
ချာချာနဲ့ဘာတွေလုပ်နေမိတာလဲလေ။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now