အပိုင်း(၁)

56.9K 3.3K 41
                                    

မိုးရာသီအစကျောင်းဖွင့်ချိန် မိုးရွာထားသဖြင့်
မိုးစိုထားတဲ့မြေသင်းနံ့လေးတွေကသင်းပျံ့နေ
တယ်။

အနည်းငယ်တွန့်ကြေနေသော ကျောင်းအ
င်္ကျီအဟောင်းနဲ့လုံချည်အစိမ်းကိုဝတ်ပြီး
တော့ကျောပိုးအိတ်ကိုတေဇလွယ်လိုက်တယ်။ဟာလာဟင်းလင်းဖြစ်နေတဲ့အိမ်ကိုတစ်ချက်
ကြည့်ရင်းသစ်သားတံခါးလေးကိုအသာပိတ်လိုက်တယ်။ကျောင်းဖွင့်တာကသုံးရက်လောက်
ရှိပြီ။ဒီနေ့မှတော့ ကျောင်းမသွားတော့လို့
မဖြစ်။

အိမ်ရှေ့မှာရပ်ထားတဲ့စက်ဘီးကိုဒေါက်ဖြုတ်
လွယ်အိတ်ကိုသေချာလွယ်ရင်းစက်ဘီးပေါ်ခွ
တက်လိုက်သည်။ကျောင်းကသူတို့အိမ်နဲ့
တော့နှစ်ရပ်ကွက်ကျော်လောက်
တော်တော်ဝေးသည်။

ခြံပြင်ထိပဲနင်းရသေးသည်။ သူ့ဘေးမှာလာရပ်တဲ့ကားတစ်စီးမြင်နေကြမို့ဘယ်သူမှန်းတန်း
သိတယ်။ကားအနောက်ခန်းကနေ လွယ်အိတ်တစ်လုံး ထမင်းချိုင့်ထည့်ထားတဲ့ဆွဲခြင်းနဲ့ဆင်းလာတဲ့ပုလဲမ။မယ်မင်းကြီးမ။

"ဘဘချို ရေရပြီနော် အိမ်ပြန်ပြီး မာမီကိုပဲဈေးလိုက်ပိုင့်္လိုက်တော့ "

ပုလဲရဲ့အော်ဟစ်သံအဆုံး ရှေ့ခန်းကနေ တေဇကို ပါလက်လှမ်းပြပြီး ကားမောင်းထွက်သွားတဲ့
ဘဘချို။

"တေဇ မြန်မြန်နင်း ကျောင်းနောက်ကျမယ်
ဒီနေ့ပထမအချိန်ဝင်မဲ့ဆရာမကအတန်းပိုင်
စည်းကမ်းကြီးတယ်"

လွယ်အိတ်တစ်လုံး ထမင်းချိုင့်တစ်လုံးနဲ့
ပတ်ရှုပ်နေသောပုလဲကသူ့ရဲ့စက်ဘီးထိုင်ခုံအနောက်မှာ အဆင်သင့်ဝင်ထိုင်ပြီးပြီ ။တစ်ယောက်ထဲကားပေါ်ကဆင်းလာပြီးပတ်ရှုပ်နေတာ ပုလဲမ
ကိုးတန်းရောက်တော့ အလှတွေလဲတော်တော်ပြင်လာတယ်။ဘာမှအထွတ်မတတ်တော့ဘဲ
စက်ဘီးကိုစနင်းလိုက်တယ်နှစ်ယောက်
ဝိတ်နဲ့ဆိုတော့ နင်းသလောက်ခရီးမရောက်။

"လေးလိုက်တာ ဟ နင်တစ်နေ့တစ်ခြားဝဝလာတာလား စက်ဘီးကရှေ့ကိုမရောက်နိုင်တော့ဘူး"

"ဘာ… ဘာပြောတယ်…ဟိန်းတေဇပိုင်
ဘာမှ မဝဘူး နင်စက်ဘီးကိုက…စုတ်နေတာ
တစ်နေ့တစ်နေ့တခြားလှလှလာတာငါဘဲ"

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now