အပိုင်း(၁၃)

17K 1.8K 78
                                    

စာအုပ်ကိုအရှေ့ ပစ်ချလိုက်တော့
ဘာမှပြန်မပြောဘဲ ခေါင်းသာငုံ့နေသည်။

"ဒီပုဒ်စာက မနေ့ကမှ ငါရှင်းပြထားတာမလား။
ဒီနေ့အ ဖြေမှန်အောင်မတွက်နိုင်ဘူးဆိုတော့
မင်းဦးနှောက်တွေကအကောင်းအတိုင်းရှိနေ
သေးရဲ့လား"

ဒီကောင်တစ်ကောင်နှယ်ဘာဖြစ်နေမှန်းမသိ
ဒီရက်ပိုင်းစကားလဲသိပ်မပြောဘဲ ပြန်မပြော
နားမထောင်ပုံစံနဲ့ ဖြစ်ချင်သလိုကိုဖြစ်နေတာ။

စနေတနင်္ဂနွေ ကျောင်းပိတ်ရက်ဖြစ်သဖြင့်
နေ့လည်ပိုင်းအခန်းထဲမှာ သူတို့စာလုပ်နေ
ကြသည်။

"လက်ဝါးဖြန့် "

ဖြန်းကနဲအသံက အခန်းကျယ်ထဲ ပဲ့တင်ထပ်
သွားပြီး ရိုက်လိုက်မိတဲ့လက်ကိုကြည့်လိုက်တော့ သံပေတံနဲ့မို့ပဲလားပေတံတစ်ပြားစာကြီးကနီရဲပြီး လက်ဝါးမှာထင်ကျန်ခဲ့တယ်။

အယ် ငါတော့လွန်သွားပြီ။

ထက်မြတ် တေဇကိုမရဲတရဲကြည့်လိုက်တော့
တေဇက ဘာမှမဖြစ်သလိုပင်မျက်နှာမှာနာကျင်သွားတဲ့အရိပ်အယောင်တောင်မပြ
လက်ကိုပြန်ရုတ်လိုက်သည်။နီရဲသွားသောကြောင့်အတော်နာသွားမှာတော့အသေအချာ ။

"နာသွားလားဟျောင့်...ငါအားနဲနဲများ
သွားတယ်"

အသက်မပါသလို သူ့ကိုပြန်ကြည့်လာတဲ့ အေးစက်စက် အကြည့်တွေကြောင့် ထက်မြတ်နဲနဲတော့လန့်သွားသည်။သိပ်တော့မလုပ်ရဲ ကျောင်းမှာရန်ခဏခဏဖြစ်တဲ့ တေဇအကြောင်းကိုသိနေသူမို့။ ဒါပေမဲ့ဒီကောင်ကသူ့အိမ်မှာနေနေလို့ပဲလားဘယ်လောက်ရိုက်ရိုက်ဘာမှပြန်မလုပ်တဲ့
အပြင်သူ့ကိုတော့အလျှော့ပေးလွန်းသည်။
အနိုင်ရလေပိုလိုချင်တယ်ဆိုသလိုပဲ
အလျှော့ပေးမှန်းသိတော့ နဲနဲနိုင်စားမိသည်။
အခုလဲကြည့် ဘာမှမပြောဘဲ ခေါင်းငုံ့ကာ
စာပြန်တွက်နေသည်။

"မင်းဘာဖြစ်နေတာလဲဒီရက်ပိုင်းငါ့ကို
စကားလဲသိပ်မပြောဘူး "

"""ဘာမှမဖြစ်ဘူး"""

"ဘာ... ဘာမှမဖြစ်ဘူးလဲ မင်းတစ်ခုခုဖြစ်နေတာငါသိနေပါတယ်"

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now