အပိုင်း(၂၀)

18.7K 1.8K 30
                                    

အိမ်ထဲကထွက်လာသည့် ထက်မြတ်က
ဂျင်းဘောင်းဘီ အပြာဖျော့ရောင် အကျီလက်ရှည်ခပ်ပွပွhoodie အဖြူရောင်နဲ့
ရှင်းသန့်နေသည်။

""ဟိတ်ကောင် သွားမယ်လေ""

ငေးကြည့်နေမိသည့်ကိုယ့်စိတ်ကိုပြန်ထိန်းကာ
ဆိုင်ကယ်စက်နှိုးလိုက်တော့အနောက်က
နေခွတက်လာသည်။

""ငါ့အမေကိုဘယ်လိုပြောထားတာလဲ။
ဘာမှမမေးမမြန်းဘူး။ထွက်လာရတာအေးဆေးပဲ""

အနောက်ကနေမမှီမကမ်းနဲ့
မျက်နှာနားတိုးကပ်ကာပြောနေသည်မို့
ကိုယ့်မှာသာ အသက်ရှုရပ်နေပေမဲ့
ရွှင်မြူးနေတဲ့အသံလေးနဲ့ပျော်နေပုံ။
စာမေးပွဲပြီးထဲ အိမ်အလုပ်တွေလုပ်ပေး
အိမ်မပြန်ခင်ထက်မြတ်ကိုအပြင်ခေါ်သွားခွင့်
သေချာတောင်းထားရတာ။ထက်မြတ်ကိုဆို
အိမ်ကလူတွေမပါဘဲအပြင်မလွှတ်ချင်သည့်
ထက်မြတ်အမေဆီမှာခွင့်ရဖို့က သိပ်မလွယ်
ကူသည့်ကြားကခွင့်တောင်းခဲ့ရသည်။ဒီနေ့
တစ်နေ့ပဲငါမင်းနဲ့အတူရှိနိုင်တော့မှာ။

"မြို့ပတ်နော် ဆိုင်ကယ်အရင်လိုက်စီးမယ်။
မြန်မြန်မောင်း။ငါဆိုင်ကယ်အရှိန်ပြင်းပြင်းနဲ့
စီးချင်တယ်"

ကားပဲစီးနေကျ ကောင်လေးကြောက်
နေမည်စိုး၍အရှိန်တအားပြင်းပြင်း
မမောင်းတာ ။ထက်မြတ်ကဗရုတ်ကျတတ်တဲ့
ကောင်လေးဆိုတာကိုမေ့သွားသည်။
ပြုံးမိကာအရှိန်တင်လိုက်သည်။
အတူရှိနိုင်တဲ့နောက်ဆုံးအချိန်မှာ
ဘာကိုမှတွေးမနေချင်တော့။

""သေချာ ကိုင်ထား""

အရှိန်တင်ပြီးမောင်းလိုက်တော့  အနောက်
ကနေအကျီင်္စကိုခပ်တင်းတင်းဆုပ်ကိုင်လာတဲ့
လက်လေးနှစ်ဖက်ကြောင့်ခေါင်းငုံ့ကာကြည့်
လိုက်မိသည်။ခါးကိုတွယ်ဖက်ထားတာမဟုတ်ပါ။
အကျီ င်္စကိုသာဆွဲကိုင်ထားရုံနဲ့တင်ဒီကောင်
ကအသက်ရူမမှန်တော့။

ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း
ကောင်ကလေးတစ်ယောက်ရဲ့အလိုတော်ကျ
မြို့ထဲနေရာတော်တော်များများကိုပတ်ပြီး
ကျုံးဘေးနားတစ်လျှောက်ဆိုင်ကယ်ပတ်
မောင်းလာရင်း

""ဟိန်းပိုင် ခဏရပ် ""

ဘာဖြစ်လို့လဲ မမေးမြန်းမိ ကျုံးဘေးနားမှာ
ဆိုင်ကယ်ရပ်လိုက်တော့ပြေးဆင်းသွားသည်။
မန္တလေးသားကောင်လေးသည် အခုမှရောက်ဖူးသလိုကျုံးဘေးနားမှာရပ်လျက်လှမ်း
မြင်နေရသည့်နန်းမြို့ရိုးကိုကြည့်လိုက်
ကန်ရေပြင်ကိုကြည့်လိုက်နဲ့။

တိမ်တိုက်၌ဖြစ်တည်သောWhere stories live. Discover now