26. Bittersweet

Zacznij od początku
                                    

"ဟမ်? Soo? ဟုတ်လား?"

ခြံစောင့် ဦးလေးကြီးကို ကြည့်ရတာ အနည်းငယ် အံ့သြသွားသည့်ပုံပင်။ သူ့နာမည်မှာ ဘာများ အံ့သြစရာတွေ ပါလို့လဲ။

"ဟုတ်ကဲ့။"
"ဒါဆို မင်းဝင်လို့ရပြီ။ မင်းကတော့ ဒီမှာနေခဲ့။ ဝင်လို့မရဘူး။"

သူ ခပ်ကြောင်ကြောင်ဖြစ်စွာ Suho ကို လှမ်းကြည့်မိတော့ Suho ကလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေသည့်ပုံ ဖြင့် သူ့ကို ပြန်ကြည့်နေသည်။

"ဟာ ဘာလို့လဲဗျ?"
"သခင်လေးက ငါတို့ကို ညွှန်ကြားထားပြီးသား။ Soo ဆိုတဲ့ ကောင်လေးက လွဲရင် ဘယ်သူ့ကိုမှ ပေးမဝင်နဲ့ လို့။ အဲ့တော့ Soo .. မင်းက အထဲဝင်သွား။ မင်းကတော့ နေခဲ့။"

Suho က နားမလည်နိုင်စွာမေးတော့ ခြံစောင့်ဦးလေးကြီးက ခြံတံခါးကို သူဝင်ရန် ဖွင့်ပေးရင်း ပြန်ဖြေသည်။

"သခင်လေးက ပြောထားပြီးသား ဟုတ်လား ဦးလေး?"

သူကြားလိုက်ရတဲ့ အဖြေကို သူမယုံနိုင်ဖြစ်စွာ ဦးလေးကြီးကို ထပ်မေးမိတော့ ဦးလေးကြီးက ခေါင်းသာ ငြိမ့်ပြသည်။

Kai .. Kai ကပြောထားပြီးသား.. ဟုတ်လား?

ဒါဆို Kai လည်း သူလာမှာကို မျှော်လင့်နေခဲ့တာပေါ့..

ထိုအတွေးက သူ့ကိုနွေးထွေးကာ ပျော်ရွှင်စေသည်ကိုတော့ သူဝန်ခံရမည်။ တကယ်ပါ.. Kai သူ့ အကြောင်းတွေးနေခဲ့သည်ကို သိရသည်နဲ့တင် သူ ဒီနေရာကနေ လှည့်ပြန်ဖို့ လုံလောက်နေပြီ။
ဒါပေမဲ့.. ဟင့်အင်း မပြန်ပါဘူး။
Kai မျက်နှာလေးကို သူကြည့်သွားဦးမှာ..
Kai စကားသံလေးတွေ သူနားထောင်သွားဦးမှာ..
သူမပြန်နိုင်ပါဘူး..

ဘေးနားက Suho ကို လှမ်းကြည့်လိုက်တော့ Suho က စိတ်ပူနေပုံရသည်။
သူ Suho ပုခုံးကို လှမ်းကိုင်ရင်း..

"ငါ အဆင်ပြေမှာပါ။ မင်းသာ ဒီအပြင်မှာ အဆင်ပြေပါ့မလား ?"

လို့ မေးလိုက်တော့ Suho က အခုမှ စိတ်ချသွားသည့် ပုံနှင့် ပြုံးသည်။

"အမလေး ပြေပါ့ကွာ.. ငါ့ကို စိတ်မပူနဲ့။ ကဲ သွားတော့ သွား။"

Time Travel Opowieści tętniące życiem. Odkryj je teraz