"လာခဲ့ပါ Kai ရယ်.. ငါ့ဆီကိုလာခဲ့ပါ.."

သူ့မျှော်လင့်တကြီးနဲ့ Kai ကို လှမ်းခေါ်လိုက်သေး သည်။

"တောင်းပန်ပါတယ် Soo."

သို့သော် Kai က သူ့ဘက်ကို လှည့်ကာ ပြောပြီးပြီးချင်းပင် သူ့ကိုကျောပေးကာ သူ့နဲ့ဝေးရာအရပ်ဆီသို့ ပြေးလေတော့သည်။

"ဟင့်အင်း မသွားပါနဲ့ !!"

သူ အသေအကြေအော်သော်လည်း Kai က ကြားပုံမရ.. ဆက်လို့သာ ပြေးနေသည်။ သူပြေးလိုက်ဖို့ ကြိုးစားသော်လည်း သူ့ခြေထောက်များက လှုပ်လို့မရ..
မျက်ရည်များကလည်း သူ့မျက်နှာပေါ် စီးကျလို့နေ သည်။
Kai ကတော့ သူနဲ့ဝေးရာကို ပြေးနေဆဲ..

မျက်ရည်များစွာနဲ့ပဲ သူပြေးလိုက်ဖို့ ကြိုးစားရုန်းကန်ရင်း Kai ကို အကြိမ်ကြိမ် အော်ခေါ်နေမိသည်။
ရင်ထဲက တဆစ်ဆစ်ကိုက်ခဲကာ နာလာသည်။
တစ်ဆထက်တစ်ဆ မျက်ရည်များက ပိုများလာသည်။
ပြေးလိုက်ကာ တားချင်သော်လည်း ရွေ့လျားလို့မရ..

"Kai.. Kai.. မသွားပါနဲ့ ပြန်လာခဲ့ပါ.."

သူခပ်တိုးတိုးရေရွတ်နေမိသည်။ အော်ဖို့လည်း အင်အားများမရှိတော့.. ပြေးလိုက်ရန် ကြိုးစားရုန်းကန်နေခြင်းများ ဆက်လုပ်ဖို့လည်း အင်အားမရှိတော့.. Kai တစ်ဖက်ခြမ်းနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ .. သူလည်း ပိုကာ အားအင်တွေကုန်ခမ်းလာသည်။ ..
ရှေ့သို့မရွေ့နိုင်သော ခြေထောက်တို့က အောက်ကိုတော့ ကိုင်းညွတ်နိုင်သည်ထင်ရဲ့.. တဖြေးဖြေး အားလျော့ကာ ဒူးထောက်ချ ချင်နေပြီ။ သို့သော် သူမရ ရအောင် အားတင်းကာတော့ မတ်တပ်ရပ်နေမိဆဲ..

မကြာလိုက်ပါ.. Kai တစ်ဖက်ခြမ်းကို ရောက်သွား လေတော့သည်။ ထိုအချိန်မှာပဲ တစ်ပြိုင်နက်လိုလိုကို အရာရာ အမှောင်ကျသွားတော့သည်။
သူ့ကိုယ်သူလည်း မမြင်ရ။
Kai ကိုလည်း မမြင်ရ..
ဘယ်အရာကိုမှ မမြင်ရတော့..

သို့သော် တစ်ခဏချင်းမှာပဲ သူနှင့် ခပ်လှမ်းလှမ်းနေရာတစ်ခုမှာ ထိုနေရာကိုပဲ ကွက်ပြီး မီးဖွင့်လိုက်သလို လင်းလာလေသည်။
သူမြင်နေရတဲ့ ထိုအလင်းကွက်လေးထဲမှာ Kai ရှိနေသည်။..
ပြီးတော့.. ပြီးတော့..
သူ့ကို ကျောပေးကာ Kai ကို ဖက်ထားတဲ့ မိန်းမတစ် ယောက်..

Time Travel Where stories live. Discover now