မတတ်နိုင်လို့ပါတဲ့လား..

ထိုစကားဟာ သူ့ကို ပိုလို့သာ ဝမ်းနည်းစေသည်။
အမှန်တော့ Kai ဟာ မတတ်နိုင်လို့မဟုတ်ဘဲ.. မချစ်နိုင်လို့မဟုတ်ဘဲ.. သူ့ကို မချစ်ရဲတာပါ..

"ငါ့အတွက် အကျိုးမရှိမဲ့ ကိစ္စတစ်ခုကို အကျိုးရှိမဲ့ ကိစ္စကို ပစ်ပြီး မလုပ်နိုင်ဘူး Soo. ငါ့ကို နားလည်ပါ။"

Kai က သူ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်ရင်း ခပ်ဖွဖွထပ်ပြောလာသည်။
ထိုစကားက ဘာကို အတိအကျဆိုလိုချင်တာလဲ သူ မသိ။ တစ်ဝက်လောက်ကိုသာ နားလည်သည်။ အကျိုးမရှိတဲ့ ကိစ္စဆိုတာဟာ တစ်နည်းအားဖြင့် သူ့ကို ပြန်ချစ်ဖို့..

"မင်း ဘာတွေပြောနေတာလဲ Kai ? ဘာက အကျိုးရှိမှာလဲ..? ဘာ -"

"မင်းနားလည်လာမှာပါ Soo.. မကြာခင် မင်းနားလည် မှာပါ။"

သူ့မေးခွန်းမဆုံးခင်မှာပဲ Kai က အဖြေ မမည်သော အဖြေကို ပြန်ပေးလေသည်။ ထို့နောက် မင်းပြန်တော့လေဟု တိုတိုတုတ်တုတ် နှုတ်ဆက်ပြီး သူ့ကိုကျောခိုင်းကာ အရင် အိမ်ထဲဝင်သွားလေတော့သည်။ ခုနက သူကို ဖက်ထားခဲ့တဲ့ Kai မဟုတ်သလို..
ခုနက သူ့ကို မငိုဖို့တားနေတဲ့ Kai မဟုတ်သလိုပင်..

သူတစ်ယောက်သာ နားမလည်မှု များစွာ.. ဝမ်းနည်းမှု များစွာနဲ့ Kai သူ့မြင်ကွင်းကနေ ပျောက်သွားသည်အထိ ရပ်ကာကြည့်ရင်း ကျန်နေခဲ့ရလေတော့သည်။
~^~^~^~^~
"SUHO !! KIM SUHO !!"

အိမ်တံခါးမကြီးကို ခပ်ပြင်းပြင်းထုသံနှင့်အတူ သူ့နာမည်ကို အော်ခေါ်သံတွေကြောင့် Suho လန့်နိုးလာခဲ့ရသည်။ နာရီကိုကြည့်လိုက်တော့ မနက် ၇:၀၀ နာရီ။
မနက်စောစောစီးစီးကို ဘယ်သူတွေပါလိမ့်။

"KIM SUHO ရှိလား !?"

မနက်စောစောစီးစီးဖြစ်တဲ့အပြင် နည်းနည်း ထူးဆန်းနေပေမဲ့ အပြင်ကနေ နောက်တစ်ခါ အော်ခေါ်သံကြောင့် သူ ထိုင် မစဉ်းစားနေတော့ဘဲ တံခါးသွားဖွင့်ပေးရန်သာဆုံး ဖြတ်လိုက်တော့သည်။

"လာပြီ လာပြီ !!"

သူ ပြန်အော်လိုက်ပြီး အခန်းထဲကနေ တံခါးဆီသို့ ခပ်သွက်သွက်ပြေးသွားကာ တံခါးဖွင့်ကြည့်လိုက်တော့ အိမ်ရှေ့မှ ဦးလေး Jo နဲ့အတူ နောက်ထပ်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ.. ပွဲတစ်ခုခု လာဖိတ်တယ်ထင်ပါရဲ့။ ဒီလိုပဲ Kim အိမ်က ပွဲလုပ်ရင် ဖိတ်စာလိုက်ဝေလေ့ရှိသည်။ ဒါပေမဲ့ ဒီတစ်ခေါက်က ဦးလေး Jo ပါ ပါလာတာဆိုတော့ ပွဲကနည်းနည်းကြီးပုံရသည်။

Time Travel Where stories live. Discover now