20

17.3K 1K 185
                                    

Zawgyi>>>

ငြိမ့်ညောင်းသာယာသော ဗြက်စောင်းသံတစ်ခုက ကြင်ယာတော်အဆောင်ဘေး ဥယျာဉ်လေး၌ပျံ့လွင့်လို့နေသည်...

တီးခတ်နေသော လက်ချောင်းသွယ်သွယ်လေးတွေနဲ့...
မျက်နှာနုနုထပ်ပုဝါကိုအုပ်ထားသော ကြင်ယာတော်ယောလ်လေး...

အဖြူရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေပါသော ကြင်ယာတော်က လေပြေတစ်ချို့တိုက်ခတ်သွားတိုင်း ဆံနွယ်လေးတွေ လွင့်မျောသွားကြသည်...

ဘေးပတ်ပတ်လည်က သင်းပျံ့သောပန်းနံ့တွေနဲ့ လိပ်ပြာလှလှလေးတွေကလဲ ဟိုဟိုဒီဒီပျံသန်းလို့...

သာယာတဲ့စောင်းသံနဲ့ ကြင်ယာတော်ရဲ့အလှတရား...

ဘယ်ပန်းချီရေးမမှီနိုင်သည့် အလှပဆုံးမြင်ကွင်းလို့ပင် ဆိုရလောက်ပေတော့သည်...

"မြတ်နိုးမိတယ် ကြင်ယာတော်လေးရယ်"

လှုပ်ရှားနေသောနှလုံးသားကြောင့် မိမိရင်ကို ဖိထားရင်း
ခပ်တိုးတိုးရွတ်ဆိုတဲ့ ထိုလူရဲ့စကားသံကို ကြင်ယာတော်ယောလ်လေးကြားနိုင်မည်မဟုတ်ပါ...

ပုဝါပါးအောက်ကပင် မြင်နေရတဲ့အပြုံးလေးတွေကို အားလုံးကတမေ့တမော့ငေးနေရသည်ပဲ...

ယွမ်ဧကရာဇ်တစ်ဖြစ်လဲ စစ်နတ်မင်းက ယွမ်အင်ပါယာရဲ့ နေမင်းကြီးဆို
ကြင်ယာတော်ယောလ်လေးရဲ့အပြုံးက အလင်းရောင်ဖြစ်လိမ့်မယ်

ဟူသော စကားအချို့ကလဲ ယွမ်ရဲ့ဈေးတန်းတွေမှာပါ ကောလဟာလတစ်ခုအဖြစ် လူပြောများဆဲ...

ကြင်ယာတော်ယောလ်လေးရဲ့ အလှက လူကိုရူးစေသည်ဆိုသည်ကတစ်မျိုး..ယောလ်လေးဟာ အလှနတ်သမီးရဲ့သားတော်တစ်ပါးအလား ဆိုတာကတစ်ဖုံ အမျိုးမျိုးချီးကျူးနေကြရသော စကားများထဲ...

မိမိဘာကိုမှစိတ်မဝင်စားချေ...

ကြင်ယာတော်ယောလ်လေးရဲ့အလှက မိမိအတွက်ပဲဖြစ်စေရမည်...

စောင့်နေပါကြင်ယာတော်...
ယွမ်ရဲ့ထီးနန်းကိုသိမ်းရရင်တောင်
မင်းကိုကိုယ်သိမ်းပိုက်ပြမယ်...

ထို့နောက် ထိုလူဟာ ယပ်တောင်ကိုတဖျက်ဖျက်ခတ်ရင်း ရှန်ဟီမယ်မယ်ရဲ့အဆောင်နားတွင် ပျောက်သွားပေတော့သည်...

~~အသုံးတော်ခံ~~Where stories live. Discover now