23

13.7K 861 178
                                    

Zawgyi>>>

ယောလ်လေးမျက်ဝန်းများအား ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်သောအခါ မိမိဘေးတွင် လက်ကလေးတို့အားဆုပ်ကိုင်၍ စိုက်ကြည့်နေသောစစ်နတ်မင်းကို တွေ့လိုက်ရသည်...

"အရှင်..."

"ယောလ်လေး...ယောလ်လေး သတိရပြီလား?"

ယောလ်လေးရဲ့ကိုယ်လုံးလေးအား ရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်ထားတာကြောင့် အရှင့်ကျောပြင်ကိုအသာဖက်တွယ်မိတယ်

"အရှင်...ဘာဖြစ်လို့လဲဟင်?"

"စိတ်ပူနေခဲ့တာ ယောလ်လေး...ကိုယ်တော်...အရမ်းစိုးရိမ်ခဲ့တာ"

"ဘာဖြစ်လို့လဲဟင် အရှင်...ယောလ်လေးကဘာဖြစ်လို့လဲ?"

အရှင်က ယောလ်လေးရဲ့ဆံနွယ်များအားသပ်တင်ပေးကာ မျက်ဝန်းတို့အား သေချာစိုက်ကြည့်လာသည်

အရှင့်မျက်ဝန်းထဲမှာ တစ်ခုခုကိုခံစားနေရသလိုပဲ...

ဟုတ်တယ်...စိတ်မကောင်းဖြစ်နေတာလား? အားနာတာလား? ကောင်းတဲ့အရာမဟုတ်တာတော့ သေချာသည်...

အရှင့်ကိုကြည့်ရင်း
ယောလ်လေးရင်ထဲနာကျင်လာတာ ဘာကြောင့်မှန်းမသိပေမဲ့ အရှင့်ကိုယောလ်လေးစိတ်ပူတယ်

"အရှင်...အဆင်ပြေရဲ့လားဟင်?"

"ကိုယ်တော် အဆင်မပြေဘူးယောလ်လေး...
မင်းကိုမစောင့်ရှောက်နိုင်တဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိသလို ကိုယ့်ကိုကိုယ် အရမ်းလဲဒေါသထွက်တယ်"

"ဘာကိုလဲ ယောလ်လေးကဘာဖြစ်လို့လဲအရှင်"

"ယောလ်လေးအဆိပ်မိထားတယ်"

"ဟင်?"

ယောလ်လေးမျက်ဝန်းလေးတွေ ဝိုင်းစက်သွားကာ အရှင့်ကိုမော့ကြည့်လိုက်မိတယ်

အရှင်ကစနောက်နေတဲ့ပုံလဲမပုံဘူး...

ဒါဆိုတကယ်ပဲ...
ယောလ်လေးက အဆိပ်?

"အရှင်...ယောလ်လေးဘာလုပ်မိလို့လဲဟင်?ယောလ်လေးဘာမှားလို့ ဒီလိုလုပ်ရတာလဲဟင်?"

"မဟုတ်ဘူး...ယောလ်လေးဘာမှမလုပ်ပါဘူး ကလေးကဖြူစင်လွန်းနေတာပါကွာ"

~~အသုံးတော်ခံ~~Where stories live. Discover now