19

19.4K 1K 117
                                    

Zawgyi>>>

ကိုယ်ရံတော်ရှင်းလာခေါ်လို့သာ လိုက်လာရသည် အရမ်းကျယ်ပြီး ထည်ဝါလွန်းတဲ့အဆောင်ကြီးကြောင့် ယောလ်လေးနှုတ်ခမ်းလေးပွင့်ဟကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေမိတယ်

"ကိုယ်...ကိုယ်ရံတော်ရှင်း..."

ယောလ်လေးခေါ်လိုက်တော့ ရှင်းကပါးချိုင့်လေးတွေပေါ်သည်အထိ ပြုံးပြရင်း ဦးညွှတ်အရိုအသေပေးတာမို့ ယောလ်လေးလန့်သွားမိတယ်

ယောလ်လေးက ကိုယ်ရံတော်ရှင်းထက် အဆင့်သိပ်နိမ့်လွန်းတယ်လေ...

"ဒါကကြင်ယာတော်မင်းသားငယ်နေရမဲ့အဆောင်ပါ..."

"ဟင်...ကြင်..ကြင်ယာတော်?"

ရှင်းပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်

"စစ်နတ်မင်းက အချစ်တော်ဘွဲ့နဲ့အတူ ကြင်ယာတော်မင်းသားငယ်နေရာကို ရာထူးတိုးပေးလိုက်ပါတယ်"

ယောလ်လေး  မျက်ဝန်းလေးတွေဝိုင်းစက်သွားသည် အံ့သြမှုကြောင့် စကားလုံးတွေပင်ထွက်မလာတော့ပဲ နှုတ်ခမ်းပါးရဲရဲပိစိလေးတွေက ပွင့်ဟနေတယ်

"အထိန်းတော်ကြီး..."

ကလေးလေးတစ်ယောက်လို အထိန်းတော်ကြီးဘက်လှည့်ကာ ငိုမဲ့မဲ့မျက်နှာလေးနဲ့ကြည့်လာသော ယောလ်လေး...

"မပျော်ဘူးလားမင်းသားငယ်"

"ပျော်တာပေါ့...အထိန်းတော်ကြီး...ယောလ်လေးတကယ်ဒီလိုပြန်နေရပြီပေါ့နော်"

မင်းသားငယ်မျက်နှာမှ အပြုံးလေးကိုကြည့်ရင်း အထိန်းတော်ကြီးပါပျော်နေမိတယ်

သူမရဲ့မင်းသားလေးက ကလေးလေးတစ်ယောက်လို ပျော်နေသည်လေ...

အရှင့်ကိုတကယ်ပဲကျေးဇူးတင်မိပါတယ် အဆင့်နိမ့်တဲ့ ယောလ်လေးကို အမြဲနှိမ်ဖို့ကြိုးစားနေတဲ့ မိဖုရားတွေထက်အဆင့်မြင့်တဲ့ ရာထူးကိုပေးလိုက်တဲ့အတွက်လေ...

ရှီလာမှာ မင်းကြီးကယောလ်လေးကို ထားတဲ့အဆောင်ယောင်ထက်ပင် ပိုသာအောင်ထားကာ ယောလ်လေးကိုအထိမခံတဲ့ စစ်နတ်မင်းကြောင့် အင်ပါယာတစ်ခုလုံး ယောလ်လေးကို တုန်နေအောင်ကြောက်ရသည်

~~အသုံးတော်ခံ~~Where stories live. Discover now