24

14.1K 1K 197
                                    

Zawgyi>>>>>

"ကျွန်တော်မျိုးမအတွက် ရင်သွေးယူပေးတော်မူပါအရှင်"

"အရှင်!!!!"

ရုတ်တရပ်အဆောင်ပြင်မှ ကြားလိုက်ရသော အသံကြောင့် မိဖုရားရှန်ဟီရော စစ်နတ်မင်းရော လှည့်ကြည့်မိကြတယ်

"ဒီအချိန်ကြီးဘယ်သူလဲ!"

မိမိလိုချင်တာရခါနီးမှ လာနှောက့်ယှက်တာကြောင့် စိတ်တိုသွားသော မိဖုရားရှန်ဟီ၏ အော်သံပင်...

"အရှင်!!ကျွန်တော်မျိုး ကိုယ်ရံတော်ရှင်းပါ အရေးကြီးကိစ္စရှိလို့ပါအရှင်"

"ဘာကိစ္စဖြစ်ဖြစ်နောက်မှပြောစမ်း စစ်နတ်မင်းအိပ်ဆောင်ဝင်နေတာ နားမလည်ဘူးလား!!"

မိဖုရားရှန်ဟီ၏ အော်သံကိုမျက်ကွယ်ပြုကာ စစ်နတ်မင်းအဆောင်ပြင်သို့ထွက်လာခဲ့သည်

ယောလ်လေးနားမှာ ကိုယ်ရံတော်ရှင်းကိုထားတာကြောင့် ယောလ်လေးတစ်ခုခုဖြစ်ရင် သတင်းလာပို့ဖို့မှာထားသည်လေ

"ဘာကိစ္စလဲရှင်း"

"အရှင်...ကျေးဇူးပြုပြီးအဆောင်ကိုလိုက်ခဲ့ပေးပါ"

"အဆောင်?"

"ဟုတ်ကဲ့ ကြင်ယာတော်ယောလ်လေးရဲ့အဆောင်ကိုပါ အရေးကြီးလို့ပါအရှင်"

ရှင်းစကားကြောင့်
စစ်နတ်မင်းစိတ်ပူသွား၍  ခေါင်းငြိမ့်ပြကာ ချက်ချင်းပင် ပြေးထွက်လာမိသည်

ကျန်ခဲ့တဲ့ ရှန်ဟီမိဖုရားကတော့ ဒေါသကြောင့် မျက်နှာပင်ရဲနေလေရဲ့...

"ကိုယ်ရံတော် ရှင်းးးးးး"

*****************************

"ယောလ်လေး!"

အဆောင်ထဲပြေးဝင်လိုက်သည်နှင့် အိပ်ယာထက်တွင် ခပ်လျော့လျော့လေး ထိုင်နေသော ကလေးငယ်လေးအား တွေ့လိုက်ရသည်

ယောလ်လေးက သူ့ကိုလှည့်ကြည့်လာပြီးနောက် မျက်နှာထက် အပြုံးတစ်ပွင့်က ဖြူစင်နူးညံ့စွာပေါ်လာလေရဲ့

အပြုံး?
အရမ်းကိုပျော်ပြီး သဘောကျလွန်းလို့ ပြုံးလိုက်တဲ့အပြုံးမျိုးရယ်ပါ

~~အသုံးတော်ခံ~~Where stories live. Discover now