34

14.9K 965 146
                                    

Zawgyi>>>

ယွမ်အင်ပါယာ၏ ဈေးလည်ခေါင်တွင် လူအများစုဝေးနေကြသည်...
အုံခဲနေသော ပြည်သူတွေအလည်မှာတော့ ကြင်ယာတော်ယောလ်လေးအား မကောင်းကြံမှုကြောင့် သေဒဏ်ပေးခံထားရသော အမတ်ချုပ်ကြီးနဲ့ ရှန်ဟီမိဖုရားခေါင်...

ပြီးတော့ နန်းရင်ပြင်အမြင့်တစ်နေရာကနေ လှမ်းကြည့်နေသော စစ်နတ်မင်းနှင့် သူ့ဘေးတွင်တော့ မျက်နှာကိုပုဝါပါးလေးဖြင့်အုပ်ထားသော ကြင်ယာတော်ယောလ်လေးပင်...

"အရှင်..."

အေးစက်နေသော လက်ဖဝါးနုနုလေးတွေအား မိမိလက်ဖဝါးကြားထဲ နစ်ဝင်ဆုပ်ကိုင်လိုက်ပြီးနောက် စစ်နတ်မင်းယောလ်လေးကို အားပေးလိုက်သည်...

ယောလ်လေးက အရမ်းနူးညံ့လွန်းတာကြောင့် သူ့ရှေ့မှာလူသတ်ဖို့ဆိုတာ ကလေးငယ်လေးအတွက် ကြောက်နေသည်လေ...

"ယောလ်လေး ကြောက်တယ် အရှင်..."

"မကြောက်ပါနဲ့ ယောလ်လေး...ကိုယ်တော်ရှိတယ်လေ"

ယွမ်နန်းတွင်းစည်းကမ်းအရ အပြစ်လုပ်မိသောသူရှေ့တွင်ပင် စီရင်ရသည်မို့ ယောလ်လေးပါ စစ်နတ်မင်းနှင့်အတူထိုင်နေရသည်

ယွမ်အင်ပါယာမှာနေတဲ့ တိုင်းသူပြည်သားတွေအတွက်ကတော့ မိဖုရားခေါင်ကြီး သေဒဏ်ပေးခံရတာကိုကြည့်ချင်သလို စစ်နတ်မင်းနဲ့ ကြင်ယာတော်ယောလ်လေးရှိနေတာကြောင့် စကားတွေတီးတိုးပြောဆိုနေကြလေရဲ့

တော်ဝင်မျိုးဆက်ရဲ့သွေး မြေမကျရသည်မို့ ခေါင်းဖြတ်မသတ်ပဲ ကြိုးမိန့်နှင့်အဆိပ်ခတ်သတ်ရန်သာ အမိန့်ပေးထားသည်

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီးနောက် အမတ်ချုပ်ကြီးရဲ့ လည်ပင်း၌စွတ်ထားသော ကြိုးကွင်းကမြင့်တင်သွားကာ ရုန်းကန်လှုပ်ရှားပြီးမှ ငြိမ်သက်သွားသောခန္ဓာကိုယ်...

"အားး ခ..ခမည်းတော်...မဖြစ်ဘူး!!ဟင့် ခမည်းတော်..."

ယူကြုံးမရစွာ ငိုရှိုက်နေသော ရှန်ဟီမိဖုရား၏ နောက်ဆုံးအချိန်ဟာလဲ ရောက်လို့လာခဲ့ပြီ သူမဟာ မာနကြီးသူပီပီ သေခါနီးအထိ ယောလ်လေးအား တစ်ချက်စူးစိုက်ကြည့်လိုက်သေးသည်

~~အသုံးတော်ခံ~~Where stories live. Discover now