15

17.5K 1.1K 88
                                    

Zawgyi>>>

ယောလ်လေးရဲ့လက်ကလေးတွေကို ဆွဲကာ အဆောင်အပြင်ကိုခေါ်လာသော အိမ်ရှေ့စံ...

ယောလ်လေးသတိရကာစမို့ မျက်နှာလေးမှာဖြူဖျော့နေပေမဲ့ ကြောက်ကြောက်နဲ့သာလိုက်လာရသည်

"ပြော...ယောလ်လေး...ကိုယ်တော့်ကိုအမှန်တိုင်းပြောပါ ဂျွန်ဘာလို့ရေထဲကျသွားရတာလဲ?"

ယောလ်လေးရဲ့ ပခုံးသားတို့အားတင်းတင်းဆုပ်ကိုင်ရင်း သူမေးလိုက်တော့ ယောလ်လေးမျက်ရည်လေးတွေကျလာကာ နှုတ်ခမ်းကိုဖိကိုက်ထား၍ ခေါင်းကိုအတင်းခါသည်

"မဖြေဘူးလား?"

ခေါင်းငြိမ့်ပြသောယောလ်လေးကြောင့် သူစိတ်ရှုပ်ထွေးသွားမိတယ်
ယောလ်လေးကတော့ သူ့ဝတ်ရုံစကိုအတင်းဆွဲဆုပ်ထားကာ ငိုရုံငိုနေသည်

"ယောလ်လေး...ဂျွန်ကိုတကယ်ပဲမင်းတွန်းချလိုက်တာလား?ဟင်?ကိုယ်တော့်ကိုပြောပါကွာ"

ယောလ်လေးအခုထိဘာမှမပြောသေးပေ တကယ်ပဲယောလ်လေးလုပ်တာလား ဆိုတဲ့အသိက သူ့ရင်ကိုပူလောင်စေတယ်...

မဟုတ်ပါစေနဲ့...
မဟုတ်ပါစေနဲ့...

အထပ်ထပ်တောင်းဆိုနေမိပေမဲ့ ဘာတစ်ခွန်းမှမပြောတဲ့ ယောလ်လေးက သူ့ဒေါသကိုပိုလောင်မြိုက်စေသည်

"ကိုယ်တော့်ကိုပြောလို့ယောလ်"

"ဟင့်...တောင်း...တောင်းပန်ပါတယ် ယောလ်လေးတောင်းပန်ပါတယ်"

ငိုရင်းအကြိမ်ကြိမ်ပြောနေတဲ့ ယောလ်လေးစကား...

တောင်းပန်ပါတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ?
တကယ်ပဲ ယောလ်လေးက ဂျွန့်ကို...?

"နောက်ဆုံးအကြိမ်ကိုယ်တော်မေးမယ် ယောလ်လေး...ဂျွန်ဘာကြောင့်သေရတာလဲ?"

ထပ်မံခေါင်းခါပြတဲ့ ယောလ်လေးကြောင့် သူမျက်လုံးကိုစုံမှိတ်လိုက်မိတယ်...

"တကယ်ထင်မထားဘူး ယောလ်...မင်းဒီလိုလုပ်လိမ့်မယ်လို့...
မင်းကိုဖြူစင်တယ်လို့ထင်ထားခဲ့တာ..."

"ဟင့် ယောလ်လေး တောင်းပန်ပါတယ်...စိတ်မဆိုးပါနဲ့"

"တော်တော့...မင်းကိုငါတကယ်စိတ်ပျက်တယ် ယောလ်"

~~အသုံးတော်ခံ~~Where stories live. Discover now